Main menu

Background

ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် လေးထောင်နှစ်ရာကျော်တင်ပို့

Thu, 05/13/2021 - 13:37 -- journal_editor

      ၂၀၂၁ခုနှစ်၊ မေလဆန်းကာလ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၇၈၀/ကျော်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၅၀ ကျော်  စုစုပေါင်း တန်ချိန် ၈၃၀/ကျော် တန်ဖိုး အမေရိ ကန်ဒေါ်လာ သုညဒသမ၃၀၅သန်းကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၀၅၀၀/ကျော်လျော့နည်းတင်ပို့ခဲ့ပါသည်။

          ယခုတစ်ပတ် မြန်မာထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှ ဆန်မှုန့်တန်ချိန်၅၂၀/ကျော် တန်ဖိုးအမေရိကန် ဒေါ်လာ သုညဒသမ ၀၂၆သန်းကျော်တင်ပို့နိုင်ခဲ့ပါသည်။

          ယခုတစ်ပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ၁ဒသမ၀၂၄သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၄၀၀/ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၂၇၉၀/ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၃၀၀/ခန့်နှင့်ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၃၁၀/ခန့် တင်ပို့နိုင်ခဲ့ပါသည်။ ယခင် တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲ တန်ချိန် ၁၆၁၀၀/ကျော် လျော့နည်း ခဲ့ပါသည်။

          ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၂၅၀၀/ခန့်သာ တင်ပို့ခဲ့ပါ သည်။                                                                                       

အေးအေးသန့်