Main menu

Background

ပြည်ပသို့ ရော်ဘာတန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့ထားရာ တရုတ်နိုင်ငံသို့ အများဆုံးဖြစ်

Sat, 02/04/2023 - 23:31 -- journal_editor

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လက်ရှိအချိန်ထိ ပြည်ပသို့ ရော်ဘာတန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့ထားပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့ထားကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

ရော်ဘာတင်ပို့မှုတွင် တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့ထားကြောင်းသိရသည်။ ယခုဘဏ္ဍာနှစ်ကုန်အထိ ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် သုံးသိန်း တင်ပို့ရန် ရည်မှန်းထားပြီး ရော်ဘာပြည်ပတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါ တင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။

ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်နေခြင်းဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ လက်ရှိ ပြည်တွင်း၌ ရော်ဘာစိုက်ဧကပေါင်း တစ်သန်းကျော်ရှိကာ တန်ချိန် လေးသိန်းနီးပါးခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ် ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိသလို ရော်ဘာကဏ္ဍကနေ နှစ်စဉ် အမေရိကန်ဒေါ်လာသန်းနဲ့ချီ ရရှိနေခြင်းဖြစ်သည်။

ပန်းဆု