Main menu

Background

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်လှစ်မည်

Wed, 08/26/2015 - 16:47 -- journal_editor

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍရှိ စီးပွားရေးလုပ်ကိုင်သူများအား နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သိသင့်သိထိုက် သည့် အသိပညာ၊ ဗဟုသုတများရရှိရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ပို့ကုန်လုပ်ငန်းရှင်သစ်များ၊ ကုန်သည် စီးပွားရေးလုပ်ငန်းရှင်သစ်များကို မွေးထုတ်ပေးနိုင်ရန် Trade Training Institute ကို ၂၀၁၂ ခုနှစ်၊ ဧပြီ လမှ စတင်ဖွင့်လှစ်ကာ နိုင်ငံတကာ ကုန်သွယ်မှုနှင့်ပတ်သက်၍  စာတွေ့/လက်တွေ့ဘာသာရပ်များ ကျယ်ကျယ်ပြန့်ပြန့်သင်ကြား ပို့ချပေးလျက်ရှိပါသည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံ သင်တန်းအမှတ်စဉ် (၇) ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
     သင်တန်းတွင် ကုမ္ပဏီတစ်ခုတည်ထောင်သည်မှစ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ၊ နိုင်ငံတကာ ကုန်သွယ်မှုသီ အိုရီနှင့် သဘောတရားများ၊ စီးပွားရေးဆိုင်ရာကျင့်ဝတ်များ၊ စံချိန်စံညွှန်းများ၊ ဈေးကွက်သုတေသန၊ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ မူဝါဒများ အစရှိသည့် ဘာသာရပ်များကို စီးပွားရေးပညာရှင်များ၊ ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဝန်ကြီးဌာန အသီးသီးမှ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ပို့ချဆွေးနွေးမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် စီးပွားရေးဆိုင်ရာဟောပြောပွဲများ ကျင်းပပေးခြင်း၊ လေ့လာရေး ခရီးစဉ်များ စီစဉ်ပေးခြ င်းတို့ ပါဝင်မည်ဖြစ်ပါသည်။ သင်တန်းကို အမှတ် ၂၂၈-၂၄၀၊ ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) စတုတ္ထ ထပ်ရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တတစ်ပတ်လျှင် ၃ ရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)(နံနက် ၀၉း၃၀ နာရီမှ ၁၂း၃၀ နာရီထိ) ဖြင့်လေးလကြာမြင့်မည်ဖြစ်ပါသည်။ သင်တန်းဝင်ခွင့်  ေ လျှာက်လွှာကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ  ၁  ရက်နေ့မှ စတင်လက်ခံပြီး  သင်တန်းဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်း ကြားပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။