Main menu

Background

နာနတ်သီးဓာတ်စာ စားသုံးခြင်းရဲ့အကျိုး

Thu, 05/14/2015 - 19:43 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

နာနတ်သီးဓာတ်စာသည် ခန္ဓာ ကိုယ်အလေးချိန် လျှော့ချပေးစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အချို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ က ကယ်လိုရီမပါရှိတဲ့  အစာများသည် ခန္ဓာကိုယ်အလေးချိန်ကို    လျင်လျင် မြန်မြန် လျှော့ချပေးနိုင်တယ်လို့ ပြော ကြပါတယ်။ ကယ်လိုရီများတဲ့အစာများ ကို စားသုံးတဲ့အခါ အစာကြေညက်စေ ရန် ပြုလုပ်ရတဲ့အတွက် ခန္ဓာကိုယ်မှာ လောင်မြိုက်မှုပိုမိုရပါတယ်။
နာနတ်သီးမှာ ဗိုက်တာမင်စီ၊ သိုင်ဟာမင်းန်နဲ့ ပိုတက်စီယမ်ဓါတ်များ များစွာပါရှိပါတယ်။ မဂ္ဂနီးစ်နဲ့  အမျှင် ဓာတ်များလည်း   ပါရှိပါတယ်။ ဒီ အာဟာရဓာတ်အားလုံးဟာ ခန္ဓာကိုယ် အလေးချိန် လျော့ကျစေရေးအတွက် အထောက်အကူပြုပြီး ကျန်းမာသော ခန္ဓာကိုယ်ဖြစ်အောင်လည်း  မြှင့်တင် ပေးစွမ်းပါတယ်။
နာနတ်သီးဓာတ်စာကို    စတင် စမ်းသပ်သူမှာ  ဲသညေည နြအဖနမ ဖြစ်ပါ တယ်။   ၎င်းင်းရဲ့  ပြောကြားချက်အရ နာနတ်သီး ဓာတ်စာကို စားသုံးပြီးနောက် တစ်လခွဲအတွင်းမှာ သူ့ရဲ့ခန္ဓာကိုယ် ဟာ ၄၃ ပေါင်ကျသွားတယ်လို့ သိရပါ တယ်။ ဓာတ်စာအမျိုးမျိုးအနက် နာနတ် သီးနဲ့ တူနာငါး ဓာတ်စာဟာ ယေဘုယျ အကျဆုံးနဲ့ သက်ရောက်မှုအရှိဆုံးလို့ သိရပါတယ်။
ဓာတ်စာစားသုံးရမယ့် နည်း လမ်းကတော့ ပထမဆုံးနေ့မှာ နာနတ် သီးတစ်လုံးက  စတင်ရမှာဖြစ်ပါတယ်။ နာနတ်သီးကို   အစိပ်များစိပ်ထားပြီး တစ်နေကုန်   စားသုံးပေးရမှာ   ဖြစ်ပါ တယ်။ ရေလည်း များများသောက်ပေးဖို့ လိုအပ်ပါတယ်။  ဒုတိယနေ့မှာတော့ နာနတ်သီးတစ်လုံးကို တူနာငါးသေတ္တာ နှစ်ဘူးနဲ့ နေ့လယ်စာ(ူကညခ့) နဲ့ ညစာ (ိငညညနမ) တို့အကြားမှာ စားပေးရမှာဖြစ် ပြီး တတိယမြောက်နဲ့နောက်ဆုံးနေ့မှာလည်း အလားတူ စားပေးရမှာဖြစ်ပါ တယ်။
နာနတ်သီး ဓာတ်စာစားသုံးခြင်း ရဲ့ အဓိကအကျိုးကျေးဇူးကတော့ ခန္ဓာ ကိုယ်အလေးချိန် လျင်လျင်မြန်မြန်ကျသွားခြင်းပဲဖြစ်ပါတယ်။
နာနတ်သီး ဓာတ်စာဟာ လူတိုင်း အတွက်   သင့်တော်တယ်လို့ပြောလို့ တော့မရပါဘူး။ကန့်သတ်ချက်များရှိပါ တယ်။ ရေရှည်စွဲစားသုံးခြင်းကြောင့် အာဟာရ ဓာတ်ချို့ယွင်းမှုနဲ့ကြုံတွေ့ရပါ တယ်။ တူနာငါးဟာလည်း ပြဒါးပါဝင်မှု များတဲ့အတွက် ငါးသေတ္တာနှစ်ဘူးဆိုတဲ့ ပမာဏဟာလည်း  ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ-ခေါင်း တစ်ခြမ်းကိုက်  ဝေဒနာ (ငြါ-မငေညန ံနေိခေ့နျ) ကိုလည်း   ဖြစ်စေနိုင်ပါ တယ်။ နာနတ်သီးမှာ  အက်စစ်ဓာတ် များစွာပါတဲ့အတွက် အစာအိမ်ဝေဒနာ ခံစားရသူများအနေနဲ့   နာနတ်သီး ဓာတ်စာကို စားသုံးမည်ဆိုလျှင် မိမိရဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့် တယ်လို့    ကြိုတင်အသိပေးလိုက်ပါရ စေ။                                         
ရှင်ပါဂူ