Main menu

Background

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွက် အနည်းဆုံးတစ်နာရီလုပ်ခ ဝမ်ခြောက်ထောင်ကျော် သတ်မှတ်

Thu, 08/20/2015 - 18:24 -- journal_editor

    သြဂုတ်လ၅ ရက်နေ့က ကိုရီးယား အလုပ်အကိုင်နှင့်အလုပ်သမားဝန်ကြီး ဌာနက ၂၀၁၆ခုနှစ်အတွက် အနိမ့်ဆုံး တစ်နာရီလုပ်ခကို ယခုနှစ်ထက် ဝမ်၄၅၀ ပိုမို၍ ဝမ်၆ç၀၃၀ သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အတွက် ယ ခု နှစ်ထက် ၈ ဒသမ ၁ ရာခိုင်နှုန်းပိုမိုပါတယ်။ အဆိုပါတစ်နာရီအနိမ့်ဆုံး လုပ်ခသည် တစ်ရက် ရှစ်နာရီအလုပ် ချိန်ရှိသော အလုပ်များအတွက် တစ်ရက်လုပ်ခ ဝမ် ၄၈,၂၄၀ (ဒေါ်လာ ၄၁ ဒသမ ၀၉)ရရှိမည် ဖြစ်ပြီးတစ်လလျှင် ၁,၂၆၀, ၂၇၀ ဝမ် (ဒေါ်လာ ၁,၀၇၂ ဒသမ ၅၈)ရရှိမည် ဖြစ်သည်။ တစ်လလုပ်ခ/ လစာသည် တစ်လလျှင် အလုပ်ချိန် ၂၀၉နာရီ အပေါ် အခြေခံတွက်ချက်ထားသည်။ အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေးကော်မရှင်က အဆိုပါအနိမ့် ဆုံးလုပ်ခကို စံပြု တွက်ချက်ရမည်ဖြစ်ပြီး၊ အနိမ့်ဆုံးလုပ်ခပေါ်မူတည်၍ လစာကိုလည်း သတ်မှတ်ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။
     အဆိုပါ အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်ကို အကျိုးခံစားခွင့်ရှိသည့် လုပ်သားအင်အားမှာ ၃ ဒသမ ၄၂သန်းရှိ နေသည်။ ကိုရီးယားကုန်သွယ်ရေး သမဂ္ဂ၊ ကုန်သွယ်ရေးသမဂ္ဂများအဖွဲ့နှင့် ကိုရီးယားအလုပ်ရှင်များအဖွဲ့တို့သည် ယခုနှစ်အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်ကို အပြင်းအထန်ကန့်ကွက်ခဲ့ကြ သော်လည်း အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေး ကော်မရှင်က ယင်းတို့၏ကန့်ကွက် လျှောက်ထားချက်များကို ငြင်းပယ်ကာ ယခုသတ်မှတ်ချက်အတိုင်း အနိမ့်ဆုံး တစ်နာရီလုပ်ခ ၆,၀၃၀ ဝမ်ကို အတည် ပြုခဲ့ခြင်းဖြစ်သည်။

 

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့