Main menu

Background

အီးယူနှင့်ဗီယက်နမ်နိုင်ငံတို့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ သဘောတူညီချက်ရရှိ

Thu, 08/20/2015 - 19:01 -- journal_editor

     သုံးနှစ်တာကာလခန့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီးနောက် အီးယူနှင့်ဗီယက်နမ်နိုင်ငံတို့သည် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို သြဂုတ်လ  ၄ ရက်တွင် ယေဘုယျ အားြ ဖင့်  ရရှိခဲ့ကြပါသည်။ အဆိုပါနှစ်ဦးနှစ်ဖက် လွတ်လပ်သော  ကုန်သွယ်ရေးသဘောတူစာချုပ်အရ အီးယူနှင့်ဗီယက်နမ်နိုင်ငံအကြား ကုန်သွယ်မှုပြုလျက်ရှိသော ကုန်စည်များအပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်အားလုံး နီးပါးအား ဖယ်ရှားပေးမည်ဖြစ်ပါသည်။
     ယေဘုယျအားဖြင့် သဘောတူညီချက်ရရှိပြီးသော စာချုပ်အပေါ် အခြေ ပြုလျက် နှစ်ဖက်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ များသည် Final Legal Text ထွက်ရှိ စေရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါ သည်။ ထို့နောက်အဆိုပါ သဘောတူ စာချုပ်အား ဥရောပကောင်စီနှင့် ဥရောပပါလီမန်သို့ တင်ပြကာအတည် ပြုချက် ရယူမည်ဖြစ်ပါသည်။ အီးယူ-ဗီယက်နမ် လွတ်လပ် သောကုန်သွယ်ရေးသဘောတူူစာချုပ် အရ အကောက်ခွန်များအား ဖယ်ရှား ပေးမည့်အပြင် ဝန်ေ ဆာင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဈေးကွက်ဝင် အခွင့်အလမ်းသစ်ကိုလည်း ဖန်တီးပေး မည်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၄ ခုနှစ်တွင် အီးယူနှင့်ဗီယက် နမ်နိုင်ငံအကြား ကုန်စည်ကုန်သွယ်မှု ပမာဏတန်ဖိုးသည် ယူရို ၂၈ ဒသမ ၂ ဘီလီယံခန့်ရှိခဲ့ပါသည်။

 

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး ၊မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့