Main menu

Background

ကိုရီးယား၏ NEET အချိုးသည် အိုအီးစီဒီ ၃၄ နိုင်ငံတွင် တတိယ အဆင့်ရှိနေ

Tue, 08/25/2015 - 15:56 -- journal_editor

      ပညာသင်ကြားခြင်း၊ အလုပ်လုပ်ခြင်းနှင့် သင်တန်းတက်ရောက်နေခြင်းတို့ လုပ်ဆောင်နေခြင်းမရှိသည့် လူငယ်များ (Not in Education, Employment, or Training) အချိုးအစားသည် ကိုရီးယားသမ္မတနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြား လူငယ်များ၏ ၁၆ ရာခိုင်နှုန်းရှိနေကြောင်း စစ်တမ်းတစ်ရပ်ကဖော်ပြခဲ့သည်။ ယင်းအချိုးအစားသည် အိုအီးစီဒီနိုင်ငံများကြားတွင် တတိယအမြင့်ဆုံး အချိုးအစားဖြစ်နေသည်။ အိုအီးစီဒီ၏ သြဂုတ်လ ၄ ရ က် နေ့ထုတ်ပြန်ချက်အရ ကိုရီးယားသမ္မတ နိုင်ငံ၏ ၂၀၁၃ ခုနှစ်က NEET အချိုးအစားသည် ၁၅ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။
     ကိုရီးယားသမ္မတနိုင်ငံ၏ NEET အချိုးသည် အိုအီးစီဒီ၏ ပျမ်းမျှ အချိုး ၈ ဒသမ ၂ ရာခိုင်နှုန်းထက် များစွာမြင့်မားနေပြီး၊ ကိုရီးယား၏အထက်တွင် တူရကီ (၂၄ ဒသမ ၉ ရာခိုင်နှုန်း)၊ မက္ကဆီကို (၁၈ ဒသမ ၅ ရာခိုင်နှုန်း)တို့ သာ ရှိတော့သည်။ အခြားအဖွဲ့ဝင်နိုင်ငံများ၏ NEET အချိုးများမှာ အီတလီသည် (၁၄ ဒသမ ၄ ရာခိုင်နှုန်း)၊ ဟန်ဂေရီသည် (၁၁ ဒသမ ၃ ရာခိုင်နှုန်း)၊ အမေရိကန်ပြည်ထောင်စု (၁၀ ဒသမ ၈ ရာခိုင်နှုန်း)၊ အစ္စရေး (၁၀ ဒသမ သုညရာခိုင်နှုန်း) တို့ဖြစ်ကြသည်။ အဖွဲ့ဝင်နိုင်ငံအများစု၏ NEET အချိုးများသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေး ပြဿနာနောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသွားခြင်းကြောင့် အချိုးများတက်လာခဲ့ကြသည်။ ယာယီအလုပ်သမားများနှ င့် NE -ETs များ၏ အချိုးအစားတို့သည် ကိုရီးယားသမ္မတနိုင်ငံတွင် အခြားနိုင်ငံများထက်စာလျှင် အနည်းငယ်မြင့်တက်နေကြောင်း၊ ကိုရီးယားအလုပ်အကိုင် ဈေးကွက်က ရင်ဆိုင်နေရသည့် အခက်အခဲများ တစ်ဖြေးဖြေးကျဆင်း လာနေသော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်း ကိုရီးယားလူငယ်အလုပ်လက်မဲ့နှုန်းများ မြင့်တက်နေကြောင်း၊ အိုအီးစီဒီ၏ အစီရင်ခံစာထဲတွင် ဖော်ပြပါရှိပါသည်။ ကိုရီးယားဗဟိုစာရင်းအင်းဌာန၏ စာရင်းဇယားများအရ ယခုနှစ်ဇွန် လတွင် လူငယ် အလုပ်လက်မဲ့နှုန်းသည် ၁၀ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် အလားတူ ကာလထက် ၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ Hyundai Economic Research Institute ၏အဆိုအရ ယခုလက်ရှိ NEETs များ၏ ၄၂ ဒသမ ၉ ရာခိုင်နှုန်းခန့်သည် တစ်နှစ်ထက်ပို၍ အလုပ်လက်မဲ့ဖြစ်နေကြသူများ ဖြစ်သည်ဟု သိရှိရပါသည်။

 

သန့်ဇင် ၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဆိုးလ်မြို့