Main menu

Background

ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အရေးတကြီး လိုအပ်ကြောင်း မဒမ်ပတ်ပြောကြား

Tue, 08/25/2015 - 17:35 -- journal_editor

     နိုင်ငံ့စီးပွားရေး၏ အသက်သွေး ကြောသဖွယ်ဖြစ်သည့် ငွေကြေးလုပ်ငန်း ကဏ္ဍအား ပြုပြင်ပြောင်းလဲရေး ဆောင် ရွက်ရန်မှာ အရေးတကြီးလိုအပ်လျှက် ရှိကြောင်း၊ ကမ္ဘာ့ငွေကြေးပြဿနာများ တစ်မျိုးထက်တစ်မျိုးမရိုးအောင် ေ ပါ်ထွန်းလာခဲ့သည့်အလျောက် ကမ္ဘာ့ ငွေကြေးလုပ်ငန်းကဏ္ဍတွင် ငွေရေး ကြေးရေးလုပ်ငန်းနည်းပညာ (fintech)သည်လည်း အပြောင်းအလဲများစွာဖြင့် တိုးတက်ပြောင်းလဲလျက်ရှိကြောင်း၊ ကိုရီးယား၏ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသည် ယင်းအပြောင်းအလဲကို အမီမလိုက်နိုင်ပါက မျိုးတုံးပျောက် ကွယ်သွားမည်သာဖြစ်ကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံ သမ္မတမဒမ်ပတ်က သြဂုတ်လ ၁၆ ရက်နေ့ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
     ပထမဦးစွာ သမားရိုးကျ ဘဏ် လုပ်ငန်းဖြစ်သည့် အပေါင်ပစ္စည်းလိုအပ်ခြင်း၊ ပူးတွဲလက်မှတ်ရေးထိုး ထောက်ခံမည့်သူလိုအပ်ခြင်းစသည့် ဘဏ်များက ကိုယ့်ကိုကိုယ်ကာကွယ် ထားသော အချက်များကို အစိုးရက ဖယ်ရှား သွားရန် ကြိးစားမည်ဖြစ်ကြောင်း၊ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်လာပြီဆိုပါက စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များအတွက် သင့်လျော်ကောင်းမွန်သည့် အရင်းအနှီးထုတ်ချေးနိုင်ရန်သာ ဘဏ်များက ဦးစားေ ပးဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတကထပ်မံပြောကြားခဲ့ သည်။
     ကိုရီးယားငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် Crowd funding (စုပေါင်းရန်ပုံငွေထူထောင်ခြင်း)၊ Internet-only bank (အင်တာနက်မှသာ ဘဏ်လုပ်ငန်းဆောင်ရွက်ခြင်း) အမှုအကျင့်များကို ထူထောင် သွားမည်ဖြစ်သည်။ကိုရီးယားစီးပွားရေး အရှိန်အဟုန်ဖြင့် ပြန်လည်တိုးတက်လာစေရန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအပါအဝင် ဆေးပညာလုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ပညာရေးကဏ္ဍများကိုပါ ပြု ပြင်ပြောင်းလဲမှုများ ဆောင် ရွက် သွားမည်ဖြစ်သည်ဟု သမ္မတမဒမ်ပတ်က ပြောကြားခဲ့ပါသည်။

 

သန့်ဇင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို့