Main menu

Background

ကုမ္ပဏီ/လုပ်ငန်းရှင်ကိုယ်စားလှယ်များအတွက် ပို့ကုန် သွင်းကုန် လုပ်ထုံးလုပ်နည်း သင်တန်းဖွင့်လှစ်ခြင်း

Wed, 01/13/2016 - 11:18 -- journal_editor

ကုမ္ပဏီလုပ်ငန်းရှင်များအတွက် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းကိုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေး ဌာနခွဲ ၊ ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်) တွင်သင်တန်းသား၅၀ဦးဖြင့်ဖွင့်လှစ်သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်။ သင်တန်းကိုရက်သတ္တပတ်တစ်ပတ်လျှင် ၅ရက် တစ်ရက်လျှင် ၃ ချိန်(၄၅ မိနစ်) ဖြင့်နံနက်(၀၉ :၄၅) မှ (၁၂ :၃၀) အချိန်ထိနှစ်ပတ်ကြာသင်ကြားပို့ချသွား မည်ဖြစ်ပါသည်။သင်တန်းတွင် လက်ရှိပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်၊ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မြန်မာ/ကမ္ဘာ့ဆိုင်ရာ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကိုလက်ရှိ အခြေအနေနှင့်အညီဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။သင်တန်းနှင့်ပတ်သက်၍ သင်တန်းကြေး ကျပ် ၃၀၀၀၀ိ/- ကိုပေးသွင်းရမည်ဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါကသင်တန်းဆင်းအောင်လက်မှတ်ကိုေ ပးအပ်ချီးမြှင့်သွားမည်ဖြစ်ပါ သည်။သင်တန်းဝင် ခွင့်လျှောက်လွှာများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးရုံး၊ ကုန်သွယ်မှုသင်တန်းကျောင်းတို့တွင်ခမဲ့ထုတ်ယူလျှောက်ထား နိုင်ပါသည်။သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁- ၃၇၁၂၁၇ ၊ ၀၁-၂၅၀၈၇၁ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။