Main menu

Background

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Fri, 09/18/2020 - 15:37 -- journal_editor

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနပိုင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဗိုလ်ဗထူးလမ်းရှိ မြဲ-၂၉၊ မြဲ-၃၀ သိုလှောင်ရုံ(၂)လုံးအား  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် သုံးနှစ်သက်တမ်း တစ်နှစ် တစ်ကြိမ်စာချုပ်ဖြင့် ငှားရမ်းမည်ဖြစ် ပါသည်။

၂။       အဆိုပါ သိုလှောင်ရုံအား ၂၁.၉.၂၀၂၀ ရက်နောက်ဆုံးထား၍ အဆိုပြု လျှောက်လွှာတင်ပြရမည်ဖြစ်ပါသည်။ အဆိုပြုလွှာနှင့်အတူ မိမိဌာနမှ ငွေစာရင်း Account ဖွင့်လှစ်ထားသော မြန်မာ့စီးပွားရေးဘဏ်များတွင် Deposite ပေးသွင်းထားသော  P.O Cheque ပူးတွဲတင်ပြရပါမည်။  တင်ဒါယှဉ်ပြိုင်ရမည့်နေ့ကို ထပ်မံအကြောင်းကြားမည်ဖြစ်ပါသည်။

၃။      စိတ်ဝင်စားသူများသည် သတ်မှတ်ရက်အတွင်း အဆိုပြုလျှောက်လွှာ ဝယ်ယူနိုင်ပြီး ၎င်းရက်ထက်ကျော်လွန်ပါက လျှောက်လွှာများကို ရောင်းချမည် မဟုတ်ကြောင်း ကြော်ငြာအပ်ပါသည်။

၄။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း- ဝ၄၂-၂၄၅၂၃၊ ဝ၄၂-၂၁၀၇၈ နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပုသိမ်မြို့ သို့ ဆက်သွယ်မေးမြန်းနိုင်ပါ သည်။

                                                                                      တိုင်းဒေသကြီးဦးစီးမှူး၊

                                                                                      ဧရာဝတီတိုင်းဒေသကြီး

                                                                                      စားသုံးသူရေးရာဦးစီးဌာန