Main menu

Background

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Fri, 09/18/2020 - 15:38 -- journal_editor

၁။      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနပိုင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဘုရားကြီးသိုလှောင်ရုံဝင်းရှိ မြေ ၆၉၃၅ စတုရန်းပေအား  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် သုံးနှစ်သက်တမ်းတစ်နှစ်တစ်ကြိမ် စာချုပ်ဖြင့် ငှားရမ်းမည် ဖြစ်ပါသည်။

၂။       အဆိုပါ မြေအား ၂၁.၉.၂၀၂၀ ရက်နောက်ဆုံးထား၍ အဆိုပြုလျှောက်လွှာ ဝယ်ယူရမည် ဖြစ်ပါသည်။အဆိုပြုလွှာနှင့်အတူ မိမိဌာနမှ ငွေစာရင်း Account ဖွင့်လှစ်ထားသော မြန်မာ့စီးပွားရေးဘဏ်များတွင် Deposite ပေးသွင်းထားသော  P.O Cheque ပူးတွဲတင်ပြရ ပါမည်။  တင်ဒါယှဉ်ပြိုင်ရမည့်နေ့ကို ထပ်မံအကြောင်းကြားပါမည်။

၃။      စိတ်ဝင်စားသူများသည် သတ်မှတ်ရက်အတွင်း အဆိုပြုလျှောက်လွှာ ဝယ်ယူနိုင်ပြီး ၎င်းရက်ထက်ကျော် လွန်ပါက လျှောက်လွှာများကို ရောင်းချမည်မဟုတ်ကြောင်း ကြော်ငြာ အပ်ပါသည်။

၄။      အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ဖုန်း- ဝ၅၂-၂၂၂၁၁၀၈ နှင့်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပဲခူးမြို့သို့ ဆက်သွယ်မေးမြန်းနိုင် ပါသည်။                                                                                                       

တိုင်းဒေသကြီးဦးစီးမှူး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊

စားသုံးသူရေးရာဦးစီးဌာန