Main menu

Background

Covid- 19 ကူးစက်ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ဆောင်ရွက်

Thu, 10/08/2020 - 13:35 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့နယ် COVID- 19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များအရ သြဂုတ် ၂၃ ရက်နေ့မှစတင်၍ သာယာ၀တီခရိုင်နှင့် ပြည်ခရိုင်နယ်ခြားဖြစ်သော ပေါင်းတည်မြို့ ဘိုးသာအောင်တံတားရှိ စစ်ဆေးရေးဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ တိုင်းရင်းဆေး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ပေါင်းတည်မြို့နယ်အတွင်းသို့၀င်ရောက်၊ ထွက်ခွာမည့် ခရီးသွားများအား ကျန်းမာ ရေးစစ်ဆေးခြင်း၊ ခရီးသွားထောက်ခံစာများစစ်ဆေးခြင်း လုပ်ငန်းများအားလုပ်ဆောင်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း မြို့နယ် COVID- 19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ COVID- 19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

နိုင်လင်းထွန်း (ပြည်)