Main menu

Background

မြိတ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား ကိုဗစ်ကာကွယ်ရေးအတွက် ကွင်းဆင်း

Mon, 10/12/2020 - 12:20 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြိတ် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ သည် မြိတ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဆိုင်ရာသတိပေးချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ ကွင်း ဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

မြိတ်မြို့ပေါ်ရှိစားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေးချက်အရ ၎င်းတို့ အထဲမှဆိုင်ခုနစ်ဆိုင်သည် ကျန်းမာရေးဆိုင်ရာသတိပေးချက်နှင့်အညီလိုက်နာဆောင်ရွက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည့် အတွက် လိုက်နာဆောင်ရွက်မှုမရှိသောဆိုင်များကို (၉.၁၀.၂၀၂၀)ရက်နေ့တွင် စည်ပင်သာယာရုံး အစည်းအဝေးခန်းမသို့ခေါ်ယူတွေ့ဆုံပြီး အဖွဲ့၏ရှေ့မှောက်တွင် ဆိုင်(၃)ရက်ဖွင့်လှစ် ခွင့်ပိတ်ခြင်းအပြင် နောက်နောင်စစ်ဆေး၍ လိုက်နာ ဆောင်ရွက်မှုမရှိပါက တရားစွဲဆိုခံရမည်ဖြစ်ကြောင်း၊ ခံဝန်ဂတိလက်မှတ်ရေးထိုးစေခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ကျော်ဝင်းနိုင်(မြိတ်)