Main menu

Background

မြိတ်မြို့၊ ကုန်တိုက်နှင့် စတိုးဆိုင်များတွင်း Altamil ကလေးနိုမုန့်အား စစ်ဆေး

Mon, 12/14/2020 - 12:02 -- journal_editor

၂၀၂၀ ခုနစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မြိတ်မြို့နယ်ရှိ ကုန်တိုက်နှင့် စတိုးဆိုင်များတွင် Altamil ကလေးနို့မုန့်များအား စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီဆောင်ရွက်ထားခြင်း ရှိ/မရှိ နှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ဥပဒေပါ နို့စို့ ကလေးနှင့်ကလေးငယ်အတွက်ထုတ်ပြန်ထားသော ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Altamil ကလေးနို့မုန့်များ ရောင်းချနေသောဆိုင်များသည် ကုန်အညွှန်းအမှတ်အသားများကိုမြန်မာဘာသာဖြင့်ဖော်ပြထားပြီး ကလေးနှင့်ကလေးငယ်အတွက် ထုတ်ပြန်ထားသော ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိကြောင်း သတင်းရရှိ ခဲ့ပါသည်။

ကျော်ဝင်းနိုင်(မြိတ်)