Main menu

Background

တရုတ်နိုင်ငံမှ တင်သွင်းသော တရားမဝင်ကုန်ပစ္စည်းရှစ်မျိုး နှင့်Dali Beer များအား မီးရှို့ ဖျက်ဆီးခဲ့

Mon, 12/14/2020 - 12:30 -- journal_editor

ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)သည် မိတ်ဖွဲ့ဌာနများဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တရုတ်နိုင်ငံ ဘက်မှ တရားမဝင်တင်သွင်းလာသဖြင့် အကောက်ခွန်ဦးစီးဌာနမှဖမ်းဆီးမိခဲ့သော ကုန်ပစ္စည်း၈မျိုး၊ ကြက်အသည်း ၅၀ဝဖာ၊ တရုတ်နိုင်ငံ လုပ် ပဲယို(၁x၁၄kg ) ၄၀ဝဖာ၊ တရုတ်နိုင်ငံ လုပ်ခေါက်ဆွဲခြောက်ထုပ်(၈၁gx၃၀bag)၊ သကြားရည်(၁x၂၅kg) ၅၀ပုံး၊ သကြားရည်  (၄x၆kg ) ၂၅ ပုံး၊ တရုတ် နိုင်ငံလုပ် ငါးသံဗူး(၆x၁.၈ kg ) ၄၅ဖာ၊ ထောပတ်ဆီ(၁x၁၀ kg ) ၈၀ဖာ၊ အုန်းသီးမှုန့်အိတ်(၁x၂၅ kg)နှင့် Dali Beer  (၁x၂၄ kg ) ၁၀ဝ၀ ဖာ၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်၁၄၅၃၀ဝ၀ဝ ခန့်အား customs   ရုံးဝန်းအနောက်ဘက်၌ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ဝ၉းဝ၀ နာရီအချိန်တွင် မီရှို့ခြင်းနှင့် လမ်းကြိတ်စက်ဖြင့်ကြိတ်၍ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

 

အောင်မျိုးထက်(ဗန်းမော်)