Main menu

Background

မြိတ်မြို့၊ ပါရမီဈေးကြီးအတွင်းရှိ စားသောက်ကုန်၊ အလှကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Tue, 12/15/2020 - 13:05 -- journal_editor

         ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ မြိတ်မြို့၊ ပါရမီရပ်၊ ပါရမီဈေးကြီး၌ ရောင်းချနေသော အစားအသောက်များ၊ အလှကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပါရမီဈေးကြီးအတွင်းရောင်းချနေသောဆိုင်များ၌ စားသုံးသူပြည်သူ များဝယ်ယူစားသုံးရာတွင် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့် ရောင်းချသော အစားအသောက်အလှ ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

ကျော်ဝင်းနိုင်(မြိတ်)