Main menu

Background

Rannai အမှတ်တံဆိပ် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်လေ့လာခြင်းဆောင်ရွက်

Thu, 12/17/2020 - 12:18 -- journal_editor

၁၆.၁၂.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးမင်းနောင်နှင့်ဝန်ထမ်းများသည် Rannai အမှတ်တံဆိပ်ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုအခြေအနေများအား ဈေးကွက် စောင့်ကြည့်လေ့လာခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင် Ocean Super Center ၊ မော်လမြိုင် Pro 1 Global Home Center ၊ မော်လမြိုင်မြို့ပေါ်ရှိဈေးများ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ Rannai အမှတ်တံဆိပ်ထုတ်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုနှင့် ဈေးကွက်အတွင်း ရောင်းချမှုအခြေအနေများအား ဈေးကွက်စောင့်ကြည့်လေ့လာခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မိုးမိုး(မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန)