Main menu

Background

ဗန်းမော်မြို့နယ်ရှိ စက်ရုံ ၊ အလုပ်ရုံများအား ရှောင်တခင်စစ်ဆေးခြင်း

Fri, 12/18/2020 - 16:03 -- journal_editor

ခရိုင်အဆင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းဆပ်ကော်မတီအလိုက် တာဝန်များခွဲဝေပေးအပ်ခဲ့ရာ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦး (လက်ထောက် ညွှန်ကြားရေးမှူး)သည် ဆပ်ကော်မတီအလိုက် ဥက္ကဌအဖြစ် ကော်မတီ(၄)ခု၊ အဖွဲ့ခေါင်းဆောင်(၁)ခု၊ အဖွဲ့ဝင်(၁)ခုတို့ဖြင့် ပါဝင်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ (၁၄.၁၂.၂၀၂၀)မှ(၁၇.၁၂.၂၀၂၀)ရက်နေ့ထိ ဗန်းမော်ခရိုင် COVID-19 ကာလ စက်ရုံ ၊ အလုပ် ရုံများစစ်ဆေးရေးကော်မတီတွင် အစိုးရဌာန(၇)ခုဖြင့်ဖွဲ့စည်းထားသော ပူးပေါင်း စစ်ဆေးရေးအဖွဲ့သည် ဗန်းမော် မြို့နယ်အတွင်းရှိ နေမင်းဆီစက်၊ ဦးကောင်းဆီစက်၊ D-1 အဆင့်မြှင့်ကားပြုပြင်ရေး(ကားလေးဝပ်ရှော့)၊ ​Vision Fund Myanmar Company Ltd,.. များသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ဆိုင်ရာလိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ ယခင် ပုံမှန်စစ်ဆေးစဉ်ဆောင်ရွက်ရန် လိုအပ်သည်များမှာကြားထားမှု အပေါ်ပြင်ဆင်လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို စည်းကမ်းချက်များအတိုင်း စစ်ဆေးခြင်း၊ အဆင့်သတ်မှတ် ချက်များဖြစ်သော (A , B ,C ) များအား တိုးမြှင့်ခြင်း၊လျှော့ချခြင်းတို့ဆောင်ရွက်ပြီး စားသုံးသူရေးရာဦးစီးဌာနမှလည်း မိမိတို့၏ဌာနလုပ်ငန်းတာဝန်များဖြစ်သော စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ကုန်စည်များထုတ်လုပ်ရောင်းချပါက ထုတ်ပြန်ထားသေားဥပဒေနှင့်အညီ ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြပေးရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အောင်မျိုးထက် (ဗန်းမော်)