Main menu

Background

ထိုင်း-မြန်မာ ကျန်းမာရေးနှင့်အလှအပဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

Fri, 01/20/2023 - 14:01 -- journal_editor

ထိုင်း-မြန်မာကျန်းမာရေးနှင့်အလှအပဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ (Thai-Myanmar Business Matching Health and Beauty-2023 ) ကို ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ Novotel Yangon တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏နာမည်ကြီးဆေးရုံ ၁၃ ရုံ၊ အလှ အပရေးရာကုမ္ပဏီ ၁၃ ခု၊ စုစုပေါင်း ကုမ္ပဏီ ၂၆ ခုတို့၏ ပြခန်းများ ပြသခဲ့သည်။ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ၏ ဆေးရုံကြီးများ၌ ဆေးကုသမှုခံယူလိုသူများအတွက် အခမဲ့ဆွေးနွေးပေးမှုများအပြင် အလှအပဆိုင်ရာ စိတ်ဝင်စားသူများ၊ ကိုယ်ပိုင် Brand နာမည်ဖြင့် စတင်ဖြန့်ချိလိုသူများအနေဖြင့်လည်း ထိုင်းနိုင်ငံမှ နာမည်ကြီး OEM/ODM  စက်ရုံများနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲသို့  Prof. Thanawut Naigowit , Ph.D. Minister Counsellor (Commercial), Office Thai Embassy၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်၊ မြန်မာနိုင်ငံ အလှကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာဆုလှဟန်တို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပန်းဆု