Main menu

Background

Cover Story

Mon, 08/24/2015 - 20:50 -- journal_editor

     မြန်မာနိုင်ငံအတွက် သြဂုတ်လဆိုတဲ့ရှစ်လပိုင်းဟာ တကယ့်ကို အရေးပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရတဲ့လလို့ ပြောမယ်ဆိုရင် မှားမယ်လို့မထင်ခဲ့ပါဘူး။ ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး ရှစ်လပိုင်းဆိုတဲ့ သြဂုတ်လအဝင်မှာပဲ မုတ်သုံကာလအဝင် ပြင်းထန်လှတဲ့ မုတ်သုံမိုးရဲ့ ထိုးနှက်ချက်ကြောင့် အညာဒေသတစ်ခွင်  ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ အဲဒီအညာဒေသမှာဖြစ်ပေါ်ခဲ့တဲ့ရေ လွှမ်းမိုးမှုတွေဟာ မကြုံစဖူး ထူးကဲလှတဲ့အတွက် ဘယ်သူမှ ထိုင်ကြည့်မနေနိုင်တဲ့အဖြစ်ကို ရောက်ခဲ့ရပါတယ်။ တစ်တိုင်းပြည်လုံး အုံးအုံးကျွက်ကျွက်နဲ့ ရေဘေးဒုက္ခသည်တွေအပေါ် ကိုယ်ချင်းစာနာစိတ်နဲ့ သွားရောက်လှူဒါန်းခဲ့ကြတဲ့မြင်ကွင်းဟာ တကယ့်ကို အဆိုးထဲကအကောင်းလို့ ဆို ရမှာပါ။ ပူူပြင်းခြောက်သွေ့လှတဲ့ အထက်အညာဒေသဟာ ပင်လယ်ပြင်ကြီးလိုဖြစ်သွားခဲ့ရသလို ရေကျသွားပြန်တော့လည်း ကျွဲလူးအိုင်ထဲရောက်နေသလိုဖြစ်ခဲ့ရတဲ့ ဒုက္ခကလည်း မသေးလှပါဘူး။ အထက်အညာဒေသမှာ ရေ ကျသွားလို့ မပြီးသေးခင်မှာပဲ အဲဒီကဆင်းလာတဲ့ရေတွေဟာ မြန်မာနိုင်ငံရဲ့မြစ်ဝကျွန်း ပေါ်ဒေသဆီကို ဦးတည်သွားခဲ့ပြန်တာကြောင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ မြို့တွေအားလုံး ရေလွှမ်းမိုးမှုနဲ့ကြုံခဲ့ရသလို အောက်မြန် မာပြည်ကြီး တစ်ခုလုံးမှာလည်း မြစ်ရေတက်ရေတစ်ဖွေးဖွေးကွင်းကျယ် အဝေးဝေးဆိုသလို ပင်လယ်ပြင်ကြီးကို ငေးကြည့်ရသလို  တစ်မျှော်တစ်ခေါ် ကျယ်ပြန့်လှတဲ့ ရေပြင်ကျယ်ကြီးနဲ့ ရင်ဆိုင်ရပြန်ပါတယ်။
     မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေဟာ ရေကြီးမှုကို နှစ်စဉ်ကြုံတွေ့နေရပေမယ့် အောက်ရေကြောင့် ရေကြီးတာမျိုးမဟုတ်ဘဲ အထက်ရေကြောင့်ရေကြီးမှုကိုတော့ ဒီနှစ်မှသာကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ရေကြီးရင် အေ အီးပျော်တယ်ဆိုတဲ့ ငယ်ငယ်တုန်းက ရေကြီးတိုင်းအော်ဆိုခဲ့တဲ့စာသားလေးကို သတိရလို့ ရေရွတ်မိပေမယ့် ဒီတစ်ခါတော့ ရေကြီးရင်အေအီးမပျော်တော့ဘဲ ဝိသမသမား ကုန်သည်လုပ်ငန်းရှင်တွေသာ ပျော်ခဲ့တာကို တွေ့ ရြ ပန်တော့ မြန်မာပြည်သူတွေအတွက် ရင်မောမိပြန်ပါတယ်။ ပြည်သူတွေက ရေဘေးဒုက္ခကို ခါးစည်းခံစားနေရချိန်မှာ တချို့သောကုန်သည်တွေကတော့ ဒီလိုဒုက္ခကိုအခွင့်ကောင်းယူပြီး ရေဘေးအတွက် တင်သွင်းလာတဲ့ပစ္စည်းေ တွနဲ့ရောပြီး ကယ်ဆယ်ရေးနဲ့မဆိုင်တဲ့ပစ္စည်းတွေ တင်သွင်းလာတာကိုတွေ့ရပါတယ်။ ဒါဟာကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး အများဒုက္ခကိုကိုယ့်သုခလို့ ထင်မှတ်နေကြတဲ့ဝိသမသမားတွေပဲဖြစ်ပါတယ်။ ဒါတွေကိုနိုင်ငံတော် အနေနဲ့တားဆီးလို့ရသင့်သလောက်ရပေမယ့် တားဆီးလို့မရတာတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း ပြည်သူတွေပါပဲ။ စီးပွားရေး သမားတွေဟာ စီးပွားရေးသမားတွေ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို အပြည့်အဝလိုက်နာမှသာ ကိုယ့်အတွက်လည်း အကျိုးရှိမှာဖြစ်သလို တိုင်းပြည်အတွက် ပြည်သူအတွက် အကျိုးရှိမှာဖြစ်ပါတယ်။
     အဲဒီလို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ခုက ပြည်သူတွေ ရေဘေးဒုက္ခနဲ့ကြုံတွေ့နေချိန်မှာ နိုင်ငံတော်အစိုးရရဲ့နိုင်ငံရေးအခြေအနေတွေဟာလည်း အပြောင်းအလဲတွေဖြစ်ခဲ့ရပါတယ်။ နိုင်ငံရေးအပြောင်းအလဲနဲ့ ပြည်သူတွေ ရဲ့ ရေဘေးဒုက္ခကို အာရုံရောက်နေချိန်မှာ နိုင်ငံတော်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုကို ရင်ဆိုင်ရနိုင်မယ့် သတင်းတစ်ပုဒ်က ဖေ့စ်ဘုတ်လို့ခေါ်တဲ့ လူမှုကွန်ရက်ထက်မှာ တစ်မုဟုတ်ချင်း ပျံ့နှ့ံ့ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘ ဏ်ကြီးနှစ်ခု ပိတ်သိမ်းတော့မယ်ဆိုတဲ့သတင်းက တစ်ခဏချင်းမှာပဲ ပြည်သူတွေကြားမှာ စိမ့်ဝင်သွားခဲ့ပါတယ်။ အဲဒီလိုစိမ့်ဝင်သွားမှုနဲ့အတူ ဘဏ်တိုးကို အရင်းလုပ်ပြီး စားနေသူတွေ၊ ဘဏ်ထဲမှာ ငွေပမာဏ အများအပြား ထ ည့်သွင်းထားသူတွေဟာ နေ့ချင်းဆိုသလို ဘဏ်မှာရှိတဲ့ငွေတွေအားလုံးကို ထုတ်ယူကြပါတော့တယ်။ ဘဏ်တွေကိုယုံကြည်မှုနဲ့အပ်နှံထားတဲ့ပြည်သူတွေဟာ လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ငွေကြေးဖြစ်ရပ်ကြောင့် စိုးရိမ် လွန်ကဲမှုအပြည့်နဲ့ လာရောက်ထုတ်ယူခဲ့ကြပါတယ်။ ပြည်သူတွေဟာ ပုဂ္ဂလိကဘဏ်တွေမှာသူတို့အပ်နှံထားတဲ့ ငွေတွေကိုထုတ်ယူပြီး  ငွေကြေးအရ  ခိုင်မာမှုရှိတဲ့ အစိုးရဘဏ်မှာ အပ်နှံခဲ့ကြသလို တချို့သောပြည်သူတွေက လည်း ငွေထက် ပိုမို ခိုင်မာတဲ့ရွှေဘက်ကို ဦးတည်ခဲ့ကြပါတယ်။ တချို့ သောပြည်သူတွေကလည်း ကျပ်ငွေထက်ရော ရွှေထက်ပိုမိုခိုင်မာတဲ့ အမေရိကန် ဒေါ်လာဘက်ကို ခြေဦးလှည့်ခဲ့ကြပါတယ်။ အဲဒီလို ခြေဦးလှည့်ခဲ့ကြတဲ့ေ နာက်ဆက်တွဲအကျိုးဆက်ကတော့ ပြည်တွင်းငွေလဲနှုန်းတွေ မြင့်တက်လာပြီး ပြည်တွင်း ရွှေဈေး တွေပါ ဆက်တိုက်ဆိုသလို မြင့်တက်ခဲ့ရပါတယ်။ ရွှေဈေးမြင့်တက်လာတာက သာမန်လက်လုပ်လက်စားပြည်သူတွေအတွက် ထိခိုက်မှု မရှိပေမယ့် အမေရိကန်ဒေါ်လာဈေးမြင့်တက်လာတာဟာ ပြည်သူတွေကို အထိနာစေတဲ့ဖြစ်ရပ်ပါပဲ။ ရေဘေးကြောင့် သွင်းကုန်တွေ မြင့်တက်လာတဲ့အတွက် ကုန်သွယ်မှုလိုငွေပြနေချိန်မှာ အမေရိကန် ဒေါ်လာဈေးဟာ သာမန်ရှိသင့်တာထက် မြင့်တက်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ခုလိုမျှော်လင့်မထားတဲ့ဖြစ်ရပ်ကြောင့် အမေရိကန် ဒေါ်လာဈေးဟာ ၁၃၀၈ကျပ်အထိ အမြင့်ဆုံးကို ရောက်ရှိခဲ့သလို ပြည်တွင်း ရွှေဈေးဟာလည်း ကျပ် ၇၇၀၀၀၀ အထိ အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။
     ကမ္ဘောဇဘဏ်နဲ့ အေဂျီဒီဘဏ်တို့ ပိတ်သိမ်းတော့မယ်ဆိုတဲ့သတင်းတကယ်မှန်ရဲ့လား။ စဉ်းစားကြည့်ပါ။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်ကြီး ၂၃ခုကို ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတကာနှင့်ငွေကြေးဆက်သွယ် ဆောင်ရွက်မှုများပြု လုပ်နိုင်ရန် လမ်းဖွင့်ပေးခဲ့ပါတယ်။ အဲဒီလိုလမ်း ဖွင့်ပေးခဲ့ပြီးနောက်ပိုင်းမှာ ပုဂ္ဂလိကဘဏ်တွေဟာ အချိန်နဲ့တစ် ပြေးညီတိုးတက်လာခဲ့တာကို အားလုံးမြင်တွေ့ခွင့်ရနေမှာပါ။ ဒါပေမယ့်လည်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ရွေးေ ကာက်ပွဲ ကာလနီးကပ် လာချိန်မှာ တိုက်ဆိုင်လာတဲ့ဖြစ်ရပ်တွေကြောင့် စီးပွားရေးသမား တွေရဲ့လှည့်ကွက်ထဲကို ဝင်ရောက်လာတာကတော့ ဘဏ်တွေပဲ ဖြစ်ပါတယ်။ အဲယားပုဂံလေကြောင်းလိုင်းကို ရပ်နားလိုက်တာ၊ ကြံ့ခိုင်ေ ရး ပါတီအတွင်း အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တာ၊ သူရဦးရွှေမန်းကို တာဝန်မှရပ်နားလိုက်တာ အဲဒီအချက်တွေကို အခြေခံပြီး စီးပွားရေးသမားတွေက အင်အားပြင်းထန်တဲ့မုန်တိုင်းတစ်လုံးကို ဖန်တီးခဲ့ပါတယ်။ အဲဒီမုန်တိုင်း ကတော့ ဘဏ်တွေပိတ်သိမ်းမယ်ဆိုတဲ့မုန်တိုင်းပါ။ ဒီမုန်တိုင်းကို ပြည်သူတိုင်းမခံစားရဘူးဆိုပေမယ့် ကောလာဟလဆိုတာ မှန်တတ်တယ်ဆိုတဲ့ စိုးရိမ်လွန်ကဲတဲ့ပြည်သူတွေကတော့ ဘဏ်ကငွေတွေထုတ်ပြီး ရွှွေဝယ်၊ ဒေါ်လာ ဝယ်နဲ့ အလုပ်ရှုပ်သွားစေတာကတော့အမှန်ပါ။ ဒါပေမယ့်လည်း ပြည်ထောင်စုမြန်မာနိုင်ငံ ဗဟိုဘဏ်က လက်ဦးမှုရယူပြီး အဲဒီမုန်တိုင်းကို လေပြေလေညင်းအသွင် ဖန်တီးခဲ့ပါတယ်။ ဘဏ်တွေပျက်တော့မယ်ဆိုတဲ့သတင်းက အမှန်မဟုတ်၊ ကောလာဟလသာဖြစ်တဲ့အကြောင်းနဲ့ အမှန်တကယ်ဖျက်သိမ်းခဲ့မယ်ဆိုရင်တောင် ဗဟိုဘဏ်က တာဝန်ယူပါတယ်ဆိုတဲ့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်ရဲ့ပြောစကားကြောင့် ပြည်သူတွေရဲ့ စိတ်ေ တွ အေးငြိမ်းခဲ့ရပါတယ်။
     "အခုလောလောဆယ်ဖြစ်နေတဲ့သတင်းတွေမှာ ဘဏ်တချို့ကိုပိတ်သိမ်းမယ်ဆိုတဲ့သတင်းတွေက မမှန်ပါဘူး။ အဲဒီလိုပိတ်ဖို့ကိုလည်း ဗဟိုဘဏ်က စီစဉ်ထားခြင်းမရှိပါဘူး။ ပြီးတော့ ဘဏ်တွေအနေနဲ့ကလည်း အားလုံး စ ည်းကမ်းနဲ့အညီ သတ်မှတ်ထားတဲ့ဘောင်အတွင်းမှာပဲ သတ်မှတ်ထားတဲ့အချိုးအတိုင်း သွားနေတာဖြစ်တဲ့အတွက် ခုလိုရုန်းရုန်းဖြစ်လာတဲ့ကိစ္စမှာတော့ ကောလာဟလသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ ြ မန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်ကြီး ၂၃ခုဟာ ဗဟိုဘဏ် ရဲ့ကြီးကြပ်မှုအောက်မှာပဲရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ ဘဏ်လုပ်ငန်းများဆောင်ရွက်ရာမှာ သတ်မှတ် ထားတဲ့အချိုးအတိုင်း စည်းက မ်းနဲ့အညီဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်ခဲ့တဲ့သတင်းတွေဟာ မမှန်ကန်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကောလာဟလတွေကို စဉ်းစားဆင်ခြင်ပြီးမှ ယုံကြည်ကြဖို့လိုပါတယ်။ "ကျွန်တော်တို့ကတော့ ဘဏ်တွေက တကယ်လို့ ပြဿနာ တစ်ခုခုဖြစ်လာပြီဆိုရင် အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းပေးသွားမှာပါ။ ဘဏ်တွေအနေနဲ့လည်း သူတို့ကိုယ်တိုင်း Interbank Market ကနေလည်း ဆွဲလို့မရတော့ဘူးဆိုရင် ဗဟိုဘဏ်ကနေပြီး အပြည့်အ၀ နော က် ကနေ Back up လုပ်ပေးသွားမှာပါ" ဟု နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်မတို့ကတော့ စိုးရိမ်လွန်ကဲတယ်ပဲေြ ပာပြော။ ကိုယ့်ပိုက်ဆံဆိုတော့ ဆုံးရှုံးမှာကြောက်တာပေ့ါ။ အဲဒါကြောင့် သွားထုတ်လိုက်တာ။ ဒီနေ့က သောကြာနေ့လည်းဖြစ်တယ်။ စနေတနင်္ဂနွေကလည်းကြားထဲမှာ ခံနေတယ်ဆိုတော့ အစိုးရဘဏ်မှာ သွားအပ်ထားလိုက် တယ်။ ဒါပေမယ့် သတင်းတွေမှာက ဒီလိုဖြစ်ရင် ဗဟိုဘဏ်က ရှင်းပေးမယ်ဆိုတဲ့အတွက် နည်းနည်းတော့ စိတ်အေးရတာပေါ့လေ"ဟု အေဂျီဒီဘဏ်မှာ ငွေလာထုတ်သည့် ဒေါ်မြမြက ပြောကြားခဲ့သည်။ ပုဂ္ဂလိကဘဏ်များ အေ နဖြင့် ငွေကြေးများလည်ပတ်ရာတွင် ပြည်သူများ၏အပ်ငွေများနှင့် လုပ်ငန်းရှင်များအား ပြန်လည်ထုတ် ချေးငွေများအပေါ်တွင်သာရပ်တည်နေရသဖြင့် ယခုကဲ့သို့ ငွေများ အလုံးအရင်းနှင့် ပြန်လည်ထုတ်ယူပါက ဘဏ်တွင် ငွေေြ ကးပြတ်လပ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း၊ ယင်းကဲ့သို့ ဘဏ်များတွင် ငွေကြေးပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပါက ဗဟိုဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည် ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်လွန်ကဲမှု မဖြစ်ပေါ်ကြေ စလိုကြောင်းဖြင့် အေဂျီဒီဘဏ်ခွဲမှာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
     ယခုကဲ့သို့ ဘဏ်လုပ်ငန်းများ လှုပ်ခတ်စေရန် ရည်ရွယ်လုပ် ဆောင်နေသော ကောလာဟလများနှင့် ပတ်သက်၍ "အခုနောက်ပိုင်း အီလက်ထရွန်နစ်အက်ဥပဒေဆိုတာလည်း ရှိနေပြီဖြစ်တဲ့ အတွက် ကိုယ်တိုင်နစ်နာသူက ဒီ လိုကောလာဟလကြောင့် အခက်အခဲပြဿနာတွေ ဖြစ်လာတယ်ဆိုရင် တင်ပြတိုင်ကြားလို့ရပါတယ်။ နစ်နာသူကပြည်ထဲရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ဆောင် ရွက်ခွင့်ရှိပါတယ်"လို့ မြန်မာနိုင်ငံတော် ဗဟို ဘဏ်၊ ငွေရေးကြေးရေးနှင့် သတင်းစစ်ဆေးရေးနှင့် လေ့လာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ဘဏ်လုပ်ငန်းနှင့် ဆက်နွ ယ်ဆောင်ရွက်သူများအနေဖြင့် စိတ်ပူပန်စရာမရှိဘဲ ဆက်လက်ဆောင်ရွက်နိုင်ကြောင်းကို " နောက်တစ်ခုအရေးကြီးတာက အခုလိုမျိုး ကောလာဟလတွေဖြစ်ပြီး ဘဏ်တွေအနေနဲ့ ငွေကြေးအကျပ်အတည်းတွေ ဖြစ်ပေါ်လာရင် ဘဏ်တွေအနေနဲ့ ဗဟိုဘဏ်ကိုတောင်လာစရာမလိုပါဘူး။ Interbank  Market ကနေပြီး တခြားဘဏ်တွေက ငွေချေးလို့ရပါသေးတယ်။Interbank  Market ကလည်း ချေးလို့မရဘူး၊ တခြားဘဏ် တွေကလည်းပေးလို့ မရဘူး ဆိုရင်တောင် ပူစရာမလိုပါဘူး။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်တွေလိုအပ်တဲ့ငွေကိုချေးပေးမှာဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါသည်။
     သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်များတွင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ထွက်ပေါ်လာသော ဘဏ်အချို့ပိတ်သိမ်းမည်ဟူ သည့် ကောလာဟလများကြောင့် ပြင်ပဘဏ်လုပ်ငန်းများတွင် ငွေသွင်းငွေထုတ်မှု ဂယက်များဖြ စ်ပေါ်လာပြီး ယင်းဂယက်များ ကြောင့် နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်လာစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ် ပြန်ချက်များ ပြုလုပ်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများမှာ ဖော်ြ ပ ထားခဲ့ပါသည်။ ဇူလိုင်လကုန် သြဂုတ်လလယ်ရောက်တဲ့အထိ မိုးသက်မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရသလို သြဂုတ်လလယ်ပိုင်းမှာ တိုက်ခတ်လိုက်တဲ့အပြင်းထန်ဆုံး မုန်တိုင်းတစ်လုံး ြ ဖစ်တဲ့ဘဏ်မုန်တိုင်းကတော့ ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်ပြီး အားပျော့ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီမုန်တိုင်းရဲ့အကျိုးသက်ရောက်မှုကတော့ စိုးရိမ်စိတ်လွန်ကဲသူတွေအတွက် အထိနာစေတဲ့အဖြစ်လို့ပဲ ပြောရ မှာဖြစ်တယ်လို့ ဆိုလိုက်ချင်ပါသည်။

 

မယ်သီတာ