Main menu

Background

ပို့ကုန်တိုးမြှင့်နိုင်ဖို့ အညာဒေသထွက် အရည်အသွေးကောင်းဆီးဆန်များ တင်ပို့ကြစို့

Tue, 06/07/2016 - 12:59 -- journal_editor

           မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ နေ့စဉ်ဝင်ရောက်နေသည့် ကုန်တင်ယာဉ်ကြီးများ ထဲတွင် တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော ကုန်ပစ္စည်းများမှာ ဆန်၊ သကြား၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်း များအပြင် တစ်ဖက် နိုင်ငံမှ ပုံမှန်ဝယ်ယူသည့် မြန်မာပြည် အညာဒေသထွက် ဆီးဆန်ကုန် ပစ္စည်းသည် မိမိနိုင်ငံမှ တင်ပို့ နိုင်သလောက် တစ်ဖက် တရုတ်ပြည်မှ ဝယ်ယူနေ ကြောင်းသိရှိရပါသည်။  အညာဒေသထွက် ဆီးဆန် သည် ဆန်၊သကြား၊ပဲ၊ ပြောင်းကဲ့သို့ အထွက် နှုန်း မများသော်လည်း  မိမိနိုင်ငံမှ  ထွက်ရှိသလောက်  တစ်ဖက်နိုင်ငံမှ ဝယ်ယူနေခြင်းကြောင့်  ပို့ကုန် တိုးမြှင့်ရေးကို  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု၍  နိုင်ငံခြားဝင်ငွေ ရရှိအောင်  စွမ်းဆောင် နိုင်သည့် ကုန်ပစ္စည်းဖြစ်ကြောင်း  တွေ့ရှိရပါသည်။
             ယခုနှစ်တွင် တစ်ဖက်နိုင်ငံမှဝယ်လိုအားရှိ၍ ဈေးကွက်ကောင်းမွန်ပြီး  ဆီးသီးစိုက်တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊   ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့   အညာဒေသထွက် ဆီးဆန် ၂၂၁၃ ဒသမ ၉၁  တန်၊  တန်ဖိုး ၉  ဒသမ ၁၄၇ ဒေါ်လာ သန်းတင်ပို့နိုင်၍ အများဆုံး ပို့ကုန် အမျိုး ၂၀ စာရင်းတွင်ပါဝင်ကြောင်း၊ ၂၀၁၆ ဧပြီတွင် ၁၄၂ ဒသမ ၄၀ တန်၊ တန်ဖိုး သုည  ဒသမ ၅၈၈ ဒေါ် လာ သန်းနှင့် မေ ၁ ရက်မှ ၁၇ ရက်အထိ ၈၇  ဒသမ ၉၀ တန်၊ တန်ဖိုး သုည ဒသမ ၃၇၅ ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ဆီးဆန်အများဆုံးထွက်ရှိရာ   ဒေသမှာ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်၊ ဒီပဲယင်း၊ အရာ တော်၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပုဂံ ညောင်ဦး၊ ပုပ္ပါး၊ အညာဒေသတို့တွင် ထွက်ရှိကြောင်း၊ အညာ ဒေသထွက်  ဆီးသီးများကို ဆီးသီး  ကုန်စည်ဒိုင် များမှ ဝယ်ယူစုဆောင်းပြီး ဆီးသီးခွဲစက်ဖြင့် ခွဲကာ ဆီးမှုန့်၊ ဆီးဖတ်၊ ဆီးခွဲခြမ်း၊ ဆီးဆန်များ  သီးခြားစီထွက်ရှိပြီးမှ  ဆီးဆန်များကိုစုကာ  မန္တလေးသို့ တင်ပို့ရကြောင်း၊ မန္တလေးကုန်သည်က ဆီးဆန် တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ  ၅၀၀၀ကျပ်  ဝန်းကျင် ပေးဝယ်ကြောင်း၊   ဆီးဆန်သန့်ပါက   တစ်ပိဿာ လျှင် ၆၀၀၀ ကျပ်အထိ ပေးဝယ်ကြောင်း  မန္တလေး ကုန်သည်များထံမှ သိရှိရပါသည်။  မန္တလေး ကုန်သည်မှ  ဂိုဒေါင်တွင် ၁၂ ဘီးကား တစ်စီးစာ ၁၆ တန်၊ ၁၇ တန် စုဆောင်းရရှိမှသာ တစ်ဖက် နိုင်ငံသို့ တင်ပို့ကြောင်း၊  ဆီးဆန် ကို တိုင်းရင်းဆေး ဝါးများဖော်စပ်ရာတွင်အသုံးပြုကြောင်း၊ ဦးနှောက်အာရုံကြောရောဂါပျောက်ဆေး၊ ကျောက်ကပ် နှလုံးအားတိုးဆေးနှင့် သွေးတိုးရောဂါ ပျောက်ဆေးတို့ တွင် အဓိကထည့်သွင်း အသုံးပြုကြောင်း၊ အထူးသဖြင့် ေ သွးတိုးရောဂါ ခံစားနေသူများ နေ့စဉ်  ဆီးဆန်သုံးစေ့မှ ငါးစေ့အထိ စားသုံးပါက သွေးတိုး  ရောဂါပျောက်ကင်းကြောင်းသိရှိရပါ သည်။
             အညာဒေသမှ ထွက်ရှိသော ဆီးဆန်များ သည်  လက်ရှိတင်ပို့နေသည်ထက် အရည်အသွေး ရောအရေအတွက်ပါ တိုးတက်ကောင်းမွန်စေရန် အတွက် ခေတ်မီဆီးသီးခွဲစက်ကောင်းများ အသုံး ပြုသင့်ကြောင်း၊သို့မှသာ တန်ဖိုးမြှင့်ပို့ကုန်ဖြစ်ကာ သတ်မှတ်ထားသည့် အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်ဝပြီး  ဈေးကောင်းရရှိ၍ နိုင်ငံခြားဝင်ငွေကို တစ်ဖက်တစ်လမ်းမှ တိုးတက်အောင် စွမ်းဆောင် နိုင်သည့် ပစ္စည်းတစ်မျိုးအဖြစ် ရပ်တည်နိုင်မည် ဖြ စ်ကြော င်း၊  အညာဒေသထွက် ဆီးဆန်များကို တစ်ဖက်နိုင်ငံသို့ တင်ပို့မည်ဆိုပါက လိုင်စင် လျှောက်စရာမလိုဘဲ ပို့ကုန် အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ပြီး တစ်ဖက်နိုင်ငံသို့  တင်ပို့နိုင်ကြောင်း၊ Export ဈေး  တစ်ကီလိုလျှင်  ၅၀၀၀ ကျပ်ရှိပြီး တစ်တန်လျှင် သိန်း ၅၀ ရှိကြောင်း၊  မန္တလေးမှ  မူဆယ်ကားခဆီးဆန်  တစ်ပိဿာလျှင်  ၈၀ ကျပ် ပေးဆောင်ရကြောင်း၊ တစ်တန်လျှင်    ကားခ ၄၉၀၀၀ ကျပ်ကျကြောင်း၊   ဆီးသီးစိုက် တောင် သူများတစ်ပိုင် တ စ်နိုင်  မိမိခြံထွက်ဆီးသီးများကို  စုဆောင်းပြီး  ဆီးသီးခွဲစက်ဖြင့်ခွဲကာ ဆီးဆန်များ ကို တစ်ဖက်နိုင်ငံသို့  ITC ကတ် (တစ်ဦးတည်းပိုင် ထုတ်ကုန်၊  သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကတ်) ဖြင့် ငါးရက်လျှင် ကျပ်သိန်း ၁၅၀ နှုန်း၊ ဆီးဆန် သုံး တန်ခန့်တစ်ပိုင်တစ်နိုင်တင်ပို့နိုင်ကြောင်း၊  တစ်ဖက် နိုင်ငံတွင် ဆီးဆန် တစ်ကီလိုလျှင် ဝယ်ဈေး ၂၉ ယွမ်မှ ၃၀ ယွမ်အထိရှိပြီး ပြန်ရောင်းဈေးမှာ တစ် ကီလိုလျှင် ၃၄ ယွမ်မှ ၃၆ ယွမ်အထိရှိကြောင်း စုံစမ်းသိရှိ ရပါ သည်။ အညာဒေသတွင် အလေ့ကျပေါက်သည့် ဆီးသီးပင်မှ ဆီးသီးခြောက်များကို ဝယ်ယူစု ဆောင်းပြီး ဆီးသီးခွဲစက်ဖြင့် ခွဲကာရရှိသော ဆီးသီးဆန်များကို တစ်ဖက်နိုင်ငံသို့ တင်ပို့မည်ဆိုပါက တောင်သူများအတွက် တစ်ဖက်တ စ်လမ်းမှ ဝင်ငွေ ရရှိသည့် လုပ်ငန်းဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ဆီးဆန်တင်ပို့ပြီး အပြန်တွင် မိမိအိမ်သုံး၊ ဒေသသုံး ပစ္စည်းများကိုပါ   ITC ကတ်ဖြင့်တစ်ပိုင်တစ်နိုင် တင်သွင်းခွင့်ရှိကြောင်းကိုပါ  အညာဒေသ ကျေးလက် နေပြ ည် သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန်အတွက် ပို့ကုန်တိုးမြှင့်ရေးကို  တစ်ဖက်တစ်လမ်းမှ  အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

 

ကြည်ကြည်မြင့် (မူဆယ်)