Main menu

Background

OCBC ဘဏ်ရဲ့ ငွေလက်ကျန်ကို လက်ဗွေဖြင့် စစ်ဆေးနိုင်ပြီ

Thu, 03/19/2015 - 21:34 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

မိုဘိုင်းဖုန်းတွေ  အသုံးပြုနေတဲ့  OCBCဘဏ်ရဲ့ ဖောက်သည်တွေက လက်ချောင်းကလေးနဲ့ စမတ်ဖုန်းကို တို့လိုက်ရုံနဲ့ စမတ်ဖုန်းတွေပေါ်မှာ သူတို့ ရဲ့ဘဏ်လက်ကျန်ကို စစ်ဆေးနိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မယ် ဆိုရင် ဘဏ်ငွေစာရင်း၊ ဘဏ်ကတ်နဲ့ ရင်းနှီးမြှုပ်နှံမှု  အသေးစိတ်အချက် အလက်တွေကို စစ်ဆေးနိုင်တော့မှာဖြစ်ကြောင်း စီအန်အေသတင်းမှာ  ဖော်ပြ ထားပါတယ်။
ယခုကျင့်သုံးတဲ့စနစ်ကို One Touch လို့ခေါ်ဆိုပြီး မတ်လ ၁၀ ရက် နေ့က စတင်ကျင့်သုံးခဲ့ပါတယ်။  ဒီလို ဘိုင်အိုမက်ထရစ်စနစ်ကို  အသုံးပြုပြီး ဝန်ဆောင်မှုပေးတာက စင်ကာပူမှာ ပထမဆုံးအကြိမ်ဖြစ်ပါ တယ်။
''လက်ဗွေရာကနေတစ်ဆင့် စစ်ဆေးပြီး အွန်လိုင်းပေါ်ကဘဏ်ငွေ စာရင်းကတ်နဲ့  ရင်းနှီးမြှုပ်နှံမှုရှင်းတမ်းကို ကြည့်နိုင်ဖို့ ဝန်ဆောင်မှုပေးတာ တခြားဘယ်မှာမှမရှိသေးပါဘူး''လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ယခုဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုအသစ်ကို  အသုံးပြုရင် ဘဏ် ငွေစာရင်းလက်ကျန်ရဲ့  ရရန်ပိုင်ခွင့်နဲ့  ပေးရန်တာဝန်နှစ်ခုစလုံးကို အမြန်ဆုံး စစ်ဆေးနိုင်မှာ  ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှုမျိုးကို မိုဘိုင်းနဲ့  ဘဏ်အသွင်း အထုတ်လုပ်တဲ့လုပ်ငန်းရဲ့ ၆၀ လောက်ထိ  ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဥဃဃြ ဘဏ်က ပြောပါတယ်။
ယခုဝန်ဆောင်မှုကို Apple   ရဲ့Touch ID နည်းပညာကို  အသုံးပြု ဆောင်ရွက်ပေးနေတာဖြစ်ပြီး Apple ရဲ့ လက်ဗွေအာရုံခံကိရိယာနဲ့ တွဲထားတဲ့ iOs8 ကိရိယာနဲ့သုံးလို့ရပါတယ်။ အသုံးပြုနိုင်တဲ့ မိုဘိုင်းကိရိယာတွေထဲ မှာ iphone 5S, iphone6 နဲ့ iphone Plus တို့ဖြစ်ပါတယ်။
စတင်ဆောင်ရွက်နိုင်ဖို့အတွက် PIN နံပါတ်နဲ့ Access Code နံပါတ်နဲ့ တစ်ကြိမ်ဖွင့်ပေးကြောင်း  OCBC က ပြောပါတယ်။ နောက်ပိုင်းမှာတော့ ငွေ စာရင်းအသေးစိတ်တွေကိုကြည့်ချင်ရင် လက်ဗွေကိုအသုံးပြုသွားလို့ရပါပြီ။