Main menu

Background

တောင်ကိုရီးယားအိမ်ခြံမြေဈေးများ ခုနစ်နှစ်အတွင်းအမြင့်ဆုံးတက်

Fri, 06/12/2015 - 20:54 -- journal_editor

အတွဲ(၁၅)အမှတ်(၂၁)

    ယခုနှစ်အတွင်း တောင်ကိုရီးယား နိုင်ငံအတွင်းရှိ အိမ်ခြံမြေဈေး များသည်  ယမန်နှစ်ကထက် ၄ ဒသမ ၆၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ခုနစ်နှစ် အတွင်း အမြင့်ဆုံးတက်ခဲ့သည့်နှုန်းထားဖြစ်သည်။ မြေရာအခြေခံ အဆောက် အအုံနှင့်ပို့ ဆောင်ရေးဝန်ကြီးဌာန၏ အဆိုအရ ယခုနှစ်အတွင်း အိမ်ခြံမြေ ဈေးများ သည် ဝမ် ၂၁၀ ထရီလီယံမှ ဝမ် ၄ç၂၇၅ ထရီလီယံသို့ အဆမတန်မြင့် တက်သွားခဲ့သည်ဟု သိရှိရသည်။ လက်ရှိ ဝမ်ငွေနှင့် အမေရိကန်ဒေါ် လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁ç၁၀၆ ဝမ် ဖြစ်သည်။
     ဆိုးလ်မြို့လယ်ရှိ နာမည်ကျော် အလှကုန်အမျိုးအစားNature Republic  စတိုးနေရာသည် တောင်ကိုရီးယားနိုင်ငံ၏ ဈေးအကြီးဆုံး မြေ နေရာအဖြစ် ၁၃ နှစ်ဆက်တိုက် တည်ရှိလာခဲ့သည်။ ယင်းစတိုးရှိသည့် မြေ နေရာ တန်ဖိုးသည် တစ်စတုရန်းမီတာလျှင် ဝမ် ၈၀ ဒသမ ၇ သန်းဖြစ်သည်။
သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့