Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 06/17/2015 - 20:19 -- journal_editor

          အမေရိကန်နိုင်ငံက အတိုးနှုန်း တွေမြှင့်တင်ပေးဖို့နီးစပ်လာတဲ့  လက္ခဏာ တွေပြသလာတာကို   အကြောင်းပြုပြီး ထွန်းသစ်စနိုင်ငံတွေ ရဲ့ဈေးကွက် တွေမှာရှိနေတဲ့ငွေတွေကို   ရင်းနှီးမြှုပ် နှံမှုရန်ပုံငွေအဖွဲ့ေ တွ က ပြန်လည်ထုတ် ယူသွားတဲ့အတွက် ဖိလစ်ပိုင် ပီဆိုက ဦးဆောင်ပြီး အာရှငွေကြေးတွေ တန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဇွန်လ ၅ ရက်နေ့ နောက်ပိုင်းမှာ တရုတ်(တိုင်ပေ)၊တောင် ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေမှာရှိတဲ့ စတော့ဒိုင်တွေမှာ  ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့   အသားတင် ရောင်းချမှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရှိခဲ့ပါတယ်။
    ကမ္ဘာ့စီးပွားရေး  အကြီးမားဆုံး  ဖြစ်တဲ့ အမေရိကန်စီးပွားရေးက ပထမ သုံးလပတ်မှာ နှေးကွေးကျဆင်းနေရာ မှ   ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ အတွက် အမေရိကန်ပြည်ထောင်စုဗဟို ဘဏ်က   လာမယ့်ရက်သတ္တပတ်မှာ ချေးငွေအတိုးနှုန်းကိစ္စကို  ပြန်လည် သုံးသပ်တော့မှာဖြစ်ပါတယ်။  တောင် ကိုရီးယားမှာ ဇွန် ၁၁ ရက်က အခြေခံ အတိုးနှုန်းတွေကို စံချိန်တင်လျှော့ချ လိုက်ချိန်မှာ မားစ်ရောဂါခြိမ်းခြောက်မှု နဲ့ရင်ဆိုင်နေရပါတယ်။
    ဥရောပဒေသမှာ   ဂရိနိုင်ငံကို ဘဏ္ဍာရေး  ထပ်မံထောက်ပံ့ရေးကိစ္စ အတွက်ခေါင်းခဲနေကြရပြီး ဂျာမနီနိုင်ငံ ရဲ့လွှတ်တော်မှာ   ချေးငွေထပ်တိုးရေး ကိစ္စကို ဆန့်ကျင်ကန့်ကွက်သူပိုများလာ တာကို   တွေ့ရပါတယ်။ ဒီသတင်း ကြောင့် ထွန်းသစ်စဈေးကွက်မှာရှိတဲ့ အက်ဆက်တွေရဲ့   ဝယ်လိုအားကို ကျဆင်းစေခဲ့ပါတယ်။
တရုတ်ယွမ်
    တရုတ်ဗဟိုဘဏ်ရဲ့ နေ့စဉ်သတ် မှတ်နှုန်းကိုလျှော့ချသတ်မှတ်လိုက်ပြီး နောက်ပိုင်း   တရုတ်ယွမ်ငွေကြေးရဲ့ ဖလှယ်နှုန်းက ဇွန်လ ၁၂ ရက် အထိသုံး လ  ဆက်တိုက်အတက်အကျမရှိ တန့် နေခဲ့ပါတယ်။ ရက်သတ္တပတ်အလိုက် နှိုင်းယှဉ်ရင်   တန်ဖိုး သုည ဒသမ ၀၅ ရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းရပါ တယ်။ တရုတ်ဗဟိုဘဏ်က   ယွမ်ငွေ တန်ဖိုးကို   ယခင်နေ့ကထက် သုည ဒသမ ၀၃ ရာခိုင်နှုန်းလျှော့ချပြီး တစ် ဒေါ်လာကို ၆ ဒသမ ၁၁၆၇ ယွမ်နှုန်း သတ်မှတ်ခဲ့ပါတယ်။
အိန္ဒိယရူပီး
အိန္ဒိယ  ပို့ကုန်လုပ်ငန်းရှင်များက အမေရိကန်ဒေါ်လာကို   ထုတ်ရောင်း လာကြတဲ့အတွက် ဘဏ်အချင်းချင်း   နိုင်ငံခြားငွေ ဖလှယ်ရေးဈေးကွက်မှာ အိန္ဒိယရူပီးကို  အမေရိကန်ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ ဇွန်လ ၁၂ ရက်က သုည  ဒသမ ၀၅ ရူပီးနှုန်း မြင့်တက်ပြီး တစ် ဒေါ်လာကို ၆၃ ဒသမ ၉၂ ရူပီးနှုန်းရှိ ခဲ့ပါတယ်။  ပင်လယ်ရပ်ခြားဒေသမှာ ဒေါ်လာတန်ဖိုး  ကျဆင်းတာကလည်း ရူပီးတန်ဖိုးမြင့်တက်ဖို့  အထောက်အပံ့ ဖြစ်စေခဲ့ပေမယ့်  ဈေးအဖွင့်မှာ ပြည် တွင်းရှယ်ယာဈေးတွေ   ကျဆင်းမှုက ရူပီးတန်ဖိုး     မြင့်တက်မှုကို အဟန့် အတားဖြစ်စေခဲ့ပါတယ်။
ဂျပန်ယန်း
    ဂျပန်   ဗဟိုဘဏ်အကြီးအကဲရဲ့ ဝေဖန်ပြောကြားချက်အပေါ်မူတည်ပြီး လေ့လာဆန်းစစ်သူတွေက   ယန်းငွေ တန်ဖိုးထပ်မံကျဆင်းမယ်လို့ ခန့်မှန်း ကြတဲ့အတွက် ယမန်နေ့ကမြင့်တက်ခဲ့ တဲ့  ယန်းငွေတန်ဖိုးက မြင့်တက်မှုရပ် ဆိုင်းပြီး ဇွန်လ ၁၁ ရက်နေ့မှာ ဒေါ်လာ နဲ့ဖလှယ်တဲ့အခါ  တန်ဖိုးကျဆင်းလာ တာကို တွေ့ရပါတယ်။
နယူးယောက်ဈေးကွက်မှာ  ၁၂၂ ဒသမ ၆၇ ယန်းနှုန်းရှိခဲ့တဲ့ဒေါ်လာဈေး က ဇွန်လ ၁၁ ရက်နေ့မှာ တစ်ဒေါ်လာ ကို ၁၂၃ ဒသမ ၃၁ ယန်းနှုန်းထိရောက် ရှိခဲ့ပါတယ်။   ယခုရက်သတ္တပတ်စော စောပိုင်းကမူ   တစ်ဒေါ်လာကို ၁၂၅ ယန်းဝန်းကျင်ထိ  ရောက်ရှိပြီး ၁၃ နှစ် အတွင်းအမြင့်ဆုံးနှုန်းထိပင် ရောက်ခဲ့ ပါတယ်။
ယူရိုငွေကြေးရဲ့    ဖလှယ်နှုန်းက နယူးယောက်မှာ တစ်ယူရိုကို ၁ ဒသမ ၁၃၂၄ ဒေါ်လာနဲ့ ၁၃၈ ဒသမ ၉၂ ယန်း ရှိရာမှ တိုကျိုမှာတစ်ယူရိုကို ၁ ဒသမ ၁၃၀၄ ဒေါ်လာနဲ့ ၁၃၉ ဒသမ ၄၉ ယန်း နှုန်းအထိ အသီးသီးရောက်ရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ်
    ပြည်တွင်းသုံး   ငွေကြေးဖြစ်တဲ့ ရင်းဂစ်ကို     ဝယ်ယူမှုမြင့်မားလာတဲ့ အတွက် ဒေါ်လာနဲ့    ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ပါတယ်။
ရင်းဂစ်နဲ့  အမေရိကန်ဒေါ်လာ ဖလှယ်နှုန်းမှာ ဇွန်လ ၁၁ ရက် ညနေ ၅ နာရီမှာ   တစ်ဒေါ်လာကို   ၃ ဒသမ ၇၄၄၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ နောက်တစ် နေ့  နံနက် ၉ နာရီ ၂၃ မိနစ်မှာ တစ် ဒေါ်လာကို ၃ ဒသမ ၇၂၉၅ ရင်းဂစ် နှုန်းရှိပါတယ်။ တခြားငွေကြေးတွေနဲ့ ဖလှယ်ရာမှာလည်း    အများအားဖြင့် ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ်
    မားစ်ရောဂါဖြစ်ပွားမှု    ဂယက် ကြောင့်   စီးပွားရေးကိုထိခိုက်မယ့် အခြေအနေကို     ကာမိစေဖို့အတွက် တောင်ကိုရီးယားဗဟိုဘဏ်က အတိုး နှုန်းကိုလျှော့ချလိုက်ရာ ဇွန်လ ၁၁ ရက် နေ့   မနက်ပိုင်းက ကိုရီးယားနိုင်ငံသုံး ငွေကြေးဖြစ်တဲ့   ဝမ်တန်ဖိုး ကျဆင်းခဲ့ပါ တယ်။ ဈေးပိတ်ချိန်မှာ ဝမ်ငွေကြေးရဲ့    ဖလှယ်နှုန်းက တစ်ဒေါ်လာကို ၁၁၀၈ ဒသမ ၈ ဝမ်နှုန်း ရောက်ရှိပြီး နေ့ချင်း နှိုင်းယှဉ်ပါက အနည်းငယ်  ကျဆင်းပါ တယ်။
ထိုင်းဘတ်
    ထိုင်းနိုင်ငံရဲ့   စီးပွားရေးဖြည်း ဖြည်း မှန်မှန်တိုးတက်လာပြီဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်ကသုံးသပ်ပြီး ဇွန်လ ၁၁ ရက်နေ့မှာ   ဗဟိုဘဏ်အတိုးနှုန်းကို ပြုပြင်မှုမရှိဘဲ ပုံမှန်အတိုင်းဆက်လက် ထားရှိခဲ့ပါတယ်။   အတိုးနှုန်းတွေကို      နှစ်ကြိမ်တိုင်ရုတ်တရက်လျှော့ချပြီးမှ ယခုလို    ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒါကြောင့်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ၃၃ ဒသမ ၆၈ ဘတ်နှုန်းအတက်အကျမရှိ ဆက်လက်တည်ရှိနေပါတယ်။