Main menu

Background

ဖေဖော်ဝါရီလဆန်းမှာ ပင်လယ်ရေကြောင်းမှရော်ဘာပိုမိုတင်ပို့

Fri, 02/20/2015 - 16:11 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

               ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဖေဖော်ဝါရီ ပထမပတ်မှာ မလေးရှားနဲ့ စင်ကာပူနိုင်ငံသို့ ရော်ဘာ ၇၆၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၉၈၁ သန်းဖိုးရရှိပြီး၊ ယခင်ရက်သတ္တပတ်ထက် ၅၃၂ တန်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေကတော့ မလေးရှားနိုင်ငံကို  RSS 3 ၆၁၈ တန် RSS 5 ၂၃ တန် နီးပါး၊ စင်ကာပူူ နိုင်ငံကို  RSS 3  ၁၂၃ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။
ယခုတစ်ပတ်မှာ နိုင်ငံတကာရော်ဘာဈေးများအနည်းငယ်တက်လာကြောင်း သိရှိရပါတယ်။ ဒါကြောင့် ပြည်ပပို့မယ့် မြန်မာ့ရော်ဘာဈေးလည်း တစ်တန်လျှင် ဒေါ်လာ ၅၀ ခန့်မြင့်တက်လာပါတယ်။ မြန်မာနိုင်ငံ   ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းကထုတ်ပြန်ထားတဲ့ ရော်ဘာဈေးများကတော့-
    RSS 1    တစ်တန်လျှင်    ဒေါ်လာ ၁၄၅၀-၁၅၅၀
    RSS 2    တစ်တန်လျှင်    ဒေါ်လာ ၁၄၀၀-၁၅၀၀
    RSS 3    တစ်တန်လျှင်    ဒေါ်လာ ၁၃၅၀-၁၄၅၀
    RSS 4    တစ်တန်လျှင်    ဒေါ်လာ ၁၃၀၀-၁၄၀၀
    RSS 5    တစ်တန်လျှင်    ဒေါ်လာ ၁၂၅၀-၁၃၅၀
    MSR 10      တစ်တန်လျှင်    ဒေါ်လာ ၁၃၅၀-၁၄၅၀
    MSR 20     တစ်တန်လျှင်    ဒေါ်လာ ၁၃၀၀-၁၄၀၀
    MSR 50     တစ်တန်လျှင်    ဒေါ်လာ ၁၂၀၀-၁၃၀၀
    Crepe Rubber  တစ်တန်လျှင်    ဒေါ်လာ  ၁၁၅၀-၁၂၅၀   
ဖြစ်ပါတယ်။