Main menu

Background

မုံရွာမြို့ပေါ်ရှိ ဈေးများတွင်ရောင်းချလျက်ရှိသည့် စားသောက်ကုန်များအား စားသုံးသူရေးရာဌာနမှ စစ်ဆေး

Wed, 02/25/2015 - 19:12 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့ပေါ်ရှိ မြသလ’ာဈေး၊ ချင်းတွင်း ရတနာဈေး၊ သီရိရတနာဈေးများ အတွင်းရှိ ဈေးဆိုင်များ၌ ရောင်းချ လျက်ရှိသော စားသောက်ကုန်စည်များ တွင် နိုင်ငံပိုင်သတင်းစာ၊ သတင်းဌာန များမှ  ကြေညာထားသော စားသုံးရန် မသင့်သည့် စားသောက်ကုန်များ၊ ဆိုးဆေးများပါဝင်သော စားသောက် ကုန်များ နှင့် အခြားစားသုံးရန် မသင့် လျော်သည့် စားသောက်ကုန်များ ရောင်းနေခြင်းရှိ /မရှိတို့အား စစ်ကိုင်း တိုင်းဒေသကြီး ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း များ၊ ကျန်းမာရေးဝန်ကြီးဌာန စစ်ကိုင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေး ဦးစီး ဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဈေးအသီးသီးမှ တာဝန်ရှိဝန်ထမ်းများ လိုက်ပါလျက်  ဖေဖော်ဝါရီလ ၂၀ ရက် နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မုံရွာနယ် တစ်ဝိုက်တွင် ငါးပိ/ငါး ခြောက်များ အဓိကဖြန့်ဖြူးရောင်းချ သည့် မြသလ’ာဈေး၌ တိုင်းဒေသကြီး ဦးစီးမှူး ဦးခမ်လျန်စွမ်း ခေါင်းဆောင် သည့်အဖွဲ့က စတင်စစ်ဆေးခဲ့ရာ ငါးပိ/ ငါးခြောက် စားသောက်ကုန်များအား တားမြစ်ဆေးသုံးစွဲ၍ ရောင်းပန်းလှစေရန်ပြုပြင်ထားခြင်း ရှိ/မရှိ၊ ယင်မနား စေသည့် ဓာတုဗေဒဆေးများ သုံးစွဲခြင်း ရှိ/မရှိ တို့ကို စစ်ဆေးပါသည်။ ငရုတ် သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်း မှုန့်များ အဓိကရောင်းဝယ်ဖြန့်ဖြူးသည့် ချင်း တွင်းရတနာဈေးကြီးအတွင်းရှိ လက္ကား ဆိုင်ကြီးများသို့ သွားရောက် စစ်ဆေး ရာတွင် နိုင်ငံပိုင်သတင်းစာများမှ စား သုံးရန်မသင့်ကြေညာထားသည့် ငရုတ် သီး အရောင်တင်မှုန့်များ ရောင်းချနေ သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဆိုင် ပိုင်ရှင်များအား ရောင်းချခြင်း မပြုရန် ကတိခံဝန်ချက် လက်မှတ်များ ရေးထိုး စေခဲ့ပါသည်။ မြသလ’ာဈေးနှင့် ချင်း တွင်းရတနာဈေးကြီးအတွင်းရှိ မုန့်ဆိုင် များတွင် ကြေညာပြီး တားမြစ်ထားသည့် မုန့် အချို့ စစ်ဆေးတွေ့ရှိခဲ့ရပြီး အဓိက အားဖြင့် ဒေသတွင်းမှ ထုတ်လုပ်သည့် မုန့်များသည် အမှတ်တံဆိပ်မပါရှိခြင်း၊ ထုတ်လုပ်သည့် လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် သက်တမ်းကုန်ဆုံးရက် မပါရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရသည့် အတွက် ဈေးဆိုင်ပိုင်ရှင်များအား သတိ ပေးမှုများ ပြုလုပ်ခဲ့ပြီး ခံဝန်ချက်ကတိလက်မှတ်ရေးထိုးခြင်းများဆောင်ရွက်ခဲ့ပါသည်။
သီရိရတနာဈေးမှ ကုန်စိမ်းနှင့် ငါးပိ/ငါးခြောက်၊ အရောင်တင်မှုန့်များ ရောင်းချနေမှုများအား နေ့လယ် ၁၁ နာရီအချိန်မှ စတင်စစ်ဆေးခဲ့ပါသည်။ ယခု စစ်ဆေးရာတွင် တိုင်းဒေသကြီးစား သုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် စားသုံးသူ တိုင်ကြားမှုပုံစံများကို လူထုအတွင်း သိရှိနိုင်ရန် သက်ဆိုင်ရာ ဈေးတာဝန်ခံ အသီးသီးသို့ ပေးအပ်ခဲ့ပါသည်။ စစ် ဆေးတွေ့ရှိချက်များအား စစ်ဆေး သည့် အဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာ များမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြမည်ဖြစ်သည့်အပြင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ သို့ တင်ပြ၍ လမ်းညွှန်မှုခံယူ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
သိန်းစိုးသစ်