Main menu

Background

ကမ္ဘာ့ရွှေဈေးကျဆင်းမှုနှင့် တရုတ်နှစ်သစ်ကူးပွဲတော်များကြောင့် နဲနဲချဲ့ရန် မြန်မာ့ရွှွေဈေး ကျပ်တစ်သောင်းကျော် ကျဆင်းလာ

Wed, 02/25/2015 - 19:18 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

   ကမ္ဘာ့ရွှေဈေးကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေးပါ  လိုက်ပါကျဆင်းလျက်ရှိ ကြောင်း ရွှေကုန်သည် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး ကျဆင်း မှုဖြစ်ပေါ်နေချိန်သည် တရုတ်နှစ်သစ်ကူးကာလနှင့်ပါ တိုက်ဆိုင်လျက်ရှိခြင်းကြောင့် ရွှေဈေးများ ကျဆင်းရခြင်းဖြစ်သည်ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။
"ဒီအချိန်က ခုလိုပဲ ဈေးကျဆင်းတတ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကလည်း ကျ လာတယ်။တစ်ကမ္ဘာလုံးမှာ တရုတ်နှစ်သစ်ကူးပွဲတော်တွေကလည်း ကျင်းပနေကြ တဲ့အတွက် ရွှေက အရောင်းရော အဝယ်ပါရပ်သွားတယ်။ နယ်စပ် မှာဆိုပိုပြီးသိသာ တယ်။ အဲဒီမှာက တရုတ်နှစ်သစ်ကူးပွဲတော်ကာလဆိုရင် ဈေးကွက်တွေ အကုန်လုံး ရပ်ထားတာ။ အဲဒီလိုရပ်ထားတဲ့အတွက် အရောင်းအဝယ် ဘာမှကို မရှိတော့တာ။ ဒါကြောင့် ရွှေဈေးတွေက  လိုက်ပြီးကျလာတာပါ။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ကလည်း ကျဆင်းနေတဲ့အတွက် ကမ္ဘာ့ရွှေဈေးလည်း ကျဆင်းလာရတာပါ"ဟု ရွှေ ကုန်သည် ဦးစံမြင့်က ဆိုသည်။
မြန်မာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၁၆ ရက်က ကျပ် ၆၈၆၅၀၀ ရှိခဲ့ပြီး ဖေဖော် ဝါရီ ၁၈ ရက်တွင် ကျပ် ၆၇၇၀၀၀ သို့ ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျပ် ၆၇၅၅၀၀ သို့ ဆက်လက်ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း  ကျပ် ၆၇၅၀၀၀ သို့ ဆက်လက်ကျဆင်းခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၁၆ ရက်က ၁၂၂၉ ဒေါ်လာရှိခဲ့ရာမှ ဖေဖော် ဝါရီ ၂၀ ရက်တွင် ၁၂၀၇ ဒေါ်လာသို့ ကျဆင်းခဲ့သည်။        

                  မယ်သီတာ