Main menu

Background

မန္တလေးတိုင်းဒေသကြီး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ဆိုင်ရာလုပ်ငန်းကော်မတီမှ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ စတင်လှုပ်ရှား

Thu, 03/12/2015 - 20:43 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

မန္တလေးတိုင်းဒေသကြီး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာလုပ် ငန်းကော်မတီမှ မတ်လ ၆ ရက်နေ့က မန္တလေးမြို့ဈေးချိုတော်ရှိ ဈေးရုံးခန်း၌ ဆိုးဆေးလုပ်ငန်းရှင်များအား စားသုံးသူအကာအကွယ် ပေးရေးနှင့်ပတ်သက် ၍ ဟောပြောဆွေးနွေးခဲ့ပါသည်။
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီး မှူး၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးဆွေတင့်ကြူးက စားသုံးသူ အကာအကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းပြီး ဖြစ်သလို၊ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီကိုလည်းဖွဲ့ စည်းပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ လ ၁၄ ရက်နေ့တွင် စားသုံးသူအငြင်း ပွားမှု ဖြေရှင်းရေးအဖွဲ့၊ လုပ်ငန်းကော်မတီ နှစ်ရပ်တို့ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ဆိုးဆေးရောင်းချသော လုပ်ငန်းရှင် များအားခေါ်ယူ၍ ယခုကဲ့သို့ဟောပြောဆွေး နွေးရ ခြင်းမှာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ စမ်းသပ်စစ်ဆေးခဲ့သော စားသုံးရန်မသင့် အစားအသောက်ပစ္စည်းများ မှာဆိုးဆေး ကြောင့်ဖြစ်ပါကြောင်း၊  ဆိုးဆေး ရောင်းချသူများအနေဖြင့် အစားအသောက် ထုတ်လုပ်ရောင်းချ သူများအားစက်မှုလုပ်ငန်း သုံး ဆိုးဆေးများကို မရောင်းချဖို့အထူးမှာ ကြားလိုပါကြောင်း၊ အဝတ်အထည်သုံး ဆိုးဆေး များမှာ ဈေးနှုန်းချိုသာ၍ ပိုမို အရောင်တောက်ပ ကြောင်း၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူ အချို့မှာ အဝတ် အထည်သုံးဆိုးဆေး (Dye)  များကိုရောစပ်အသုံး ပြုနေပါကြောင်း၊ ဆိုးဆေး ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် စနစ် တကျ ရောင်းချစေချင်ကြောင်း၊ ၎င်းင်းလုပ်ငန်းများ သည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာလုပ် ငန်း ကော်မတီအနေဖြင့် တိုက်ရိုက်သက်ဆိုင် နေပါသဖြင့် ယခုကဲ့သို့ ကော်မတီအနေဖြင့် ကွင်းဆင်းဟောပြောဆွေး နွေးပါကြောင်း စသည်ဖြင့်ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ပါ သည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူး၊ ထုတ် ကုန်များလုံခြုံစိတ် ချရမှုဆိုင်ရာဥက္ကဋ္ဌ ဦးဋ္ဌေးလွင်က ဈေးကွက် အတွင်း ရောင်းချနေသော မီးဖိုချောင်သုံးစား သောက်ကုန်အမျိုးမျိုးတွင် ဆိုးဆေးမပါသော စားသောက်ကုန်ပစ္စည်းများမှာ အလွန်နည်းပါး ကြောင်း၊ ငံပြာရည်၊ ငရုတ်ဆီ၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့် စသည်ဖြင့်များပြားပါကြောင်း၊ ယခုလိုရာသီတွင် သြင်္ကန်နီးလာ၍အအေးမျိုးစုံ မှာ အရောင်မျိုးစုံဖြင့်ထွက်ရှိလာတော့မှာ ဖြစ် ကြောင်း၊ ၎င်းလုပ်ငန်းရှင်များသည် အရောင်မျိုး စုံဖြင့် အချိုရည်များထုတ်လုပ်ပြီး သြင်္ကန်ပြီး ကာလတွင်ပျောက် သွားတတ်ပါကြောင်း၊ သို့ ဖြစ်ပါ၍ ဆိုးဆေးလုပ်ငန်းရှင်များအား ယခု ကဲ့သို့ ခေါ်ယူဟောပြောဆွေးနွေးရပါကြောင်း၊ ၎င်းင်းလုပ်ငန်းများသည် ထုတ်ကုန်များ လုံခြုံစိတ် ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီအနေဖြင့် တာဝန်အပြည့်အဝရှိပါကြောင်း၊ မိမိတို့ကော် မတီအနေဖြင့် လုပ်ငန်းတစ်ခုချင်းစီအလိုက်ခေါ် ယူ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသည် ကင်ဆာရောဂါဖြစ်ပွားသည့်နိုင်ငံ များအနက် ဒုတိယမြောက်နေရာတွင် ရှိနေပါ ကြောင်း၊ ကင်ဆာရောဂါအများစုသည် ဆိုးဆေး များနှင့်ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ် ကြောင်းကို ပညာရှင်များမှ လက်ခံထားပါ ကြောင်း၊ စားသုံးသူများအနေဖြင့်လည်း အရောင် တောက်ပမှသာ ဝယ်ယူသုံးစွဲကြသည်ကို ဈေး  ကွက်တွင်တွေ့ရှိနေရပါကြောင်း၊ စားသုံးသူများ လုပ်ငန်းရှင်များကိုလည်း အသိပညာ ပေးလုပ်ငန်းများဆက်လက်ပြုလုပ်သွား မည်ဖြစ်ပါ ကြောင်း၊ ဆိုးဆေးလုပ်ငန်းရှင်များအနေဖြင့် အဝတ်အထည်သုံး ဆိုးဆေးများကိုစားသောက်  ကုန်ထုတ် လုပ်ရောင်းချသူများအား မရောင်း ချဖို့ လိုအပ်ပါကြောင်း၊ မိမိတို့ရောင်းချသော ဆိုးဆေးများကိုလည်း စက်မှုသုံးဆိုး ဆေးဖြစ်ပါ က ''စားသုံးရန်မဟုတ်'' စာသားများကိုရေး၍ ရောင်းချစေချင်ကြောင်း စသည်ဖြင့် ဆိုးဆေး နှင့် ပတ်သက်၍ကောင်းကျိုး၊ ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြော ကြားခဲ့ပါ သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒေါက်တာ အေးငြိမ်းမြတ်က ဆိုးဆေးများရောင်းချရာ၌ တရားဝင်တင်သွင်းသော ဆိုးဆေးများရှိသလို တရားမဝင်တင်သွင်းလာသော ဆိုးဆေးများ လည်းရှိပါကြောင်း၊ တရားဝင်ဆိုးဆေးများမှာFDAမှ စစ် ဆေးပြီးဖြစ်၍အရည်အသွေးအာမခံ ချက်ရှိပြီး တရားမဝင်ဆိုးဆေးများမှာ အရည် အသွေးအာမခံချက်မရှိ၍ အန္တရာယ်ရှိနိုင်ပါ ကြောင်း၊ အစား အသောက်သုံးဆိုးဆေးရောင်းချ သူများအနေဖြင့် စနစ်တကျရောင်းချရန်လို အပ်ပါကြောင်း၊ သိသင့်သိထိုက်သော အသိ  ပညာဗဟုသုတများလည်း လိုအပ်ပါကြောင်း ဖြင့် ဆိုးဆေးနှင့် ပတ်သက်သောဆောင် ရန်ရှောင်ရန် အချက်များနှင့်အန္တရာယ်ကြီးမားပုံတို့ ကိုဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေး တိုင်းဒေသ ကြီးစားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး မန္တလေးတိုင်းဒေသကြီး ထုတ် ကုန်များ လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းကော် မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဈေးအကျိုးတော် ဆောင်များနှင့်ဆိုးဆေးလုပ်ငန်းရှင်များ၊ စားသုံး သူပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
တင်ချစ်ကောင်း၊ စားသုံးသူ (မန္တလေး)