Main menu

Background

ငွေလဲနှုန်းများ ဆက်လက်မြင့်တက်နေမှုကြောင့် ကမ္ဘာ့ရွှေဈေးကျသော်လည်း မြန်မာ့ရွှေဈေး ဆက်လက်မြင့်တက်

Thu, 06/11/2015 - 20:46 -- journal_editor

အတွဲ(၁၅)အမှတ်(၂၁)

      ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည်  ဆက်လက်မြင့်တက်လျက် ရှိရာ တစ်ပတ်အတွင်း ကျပ်ခြောက် ထောင်ကျော်မြင့် တက်သွားကြောင်း သိရသည်။ ယင်းကဲ့သို့ မြင့်တက်ရခြင်းမှာ ကမ္ဘာ့ရွှေဈေး ကျဆင်း လာသော် လည်း မြန်မာနိုင်ငံတွင်းရှိ ငွေလဲနှုန်း များ ဆက်လက်မြင့်တက်နေမှုများ ကြောင့် ရွှေဈေးများ မြင့်တက်နေရခြင်း ဖြစ်ကြောင်း   ရွှေကုန်သည်အသိုင်း အဝိုင်းမှ သိရသည်။
''ဒီနေ့   ရွှေဈေးတက်လာတယ်။ ဒေါ်လာဈေးကလည်း  မြင့်တက်နေ တုန်းပဲ။ ကမ္ဘာ့ရွှေဈေးကတော့ ကျလာ တယ်။ ကမ္ဘာ့ရွှေဈေးက ကျဆင်းလာ ပေမယ့် ငွေလဲနှုန်းက တစ်နေ့တခြားမြင့်တက်နေတဲ့အတွက် မြန်မာ့ရွှေဈေး က တက်လာရတာပါ။ ဒီလိုမြင့်တက် လာပေမယ့်လည်း ရွှေဝယ်ယူနှုန်းက မြင့်တက်လာခြင်းမရှိပါဘူး။  ခုဟာက ငွေဈေးကြောင့် မြင့်တက်ရတဲ့သဘော မျိုးဖြစ်နေတဲ့အတွက် ငွေဈေးကျလာ ရင် မြန်မာ့ရွှေဈေးကလည်း လိုက်ပြီး ကျဆင်းလာမှာပဲ''ဟု   ရွှေကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။''ရွှေဈေးတွေတက်လာတဲ့အတွက် ဈေးကွက်ထဲမှာ  ဝယ်လိုအားတွေ ကျ ဆင်းသွားတယ်။ အပိုင်းရော အထည် မှာရော ဈေးကွက်ထဲမှာ ဝယ်လိုအား က မရှိသလောက်ကိုဖြစ်သွားတယ်။ ရောင်းတဲ့သူတွေကလည်း    အနည်း အကျဉ်းပဲ ရှိတော့တယ်။ မေလအတွင်း တုန်းက ဈေးတက်ခဲ့တော့ အဲဒီမှာ ဝယ်ရောင်းလုပ်တဲ့သူတွေ တော်တော် များများအဆင်ပြေကြတဲ့အတွက် ဈေး ကွက်ထဲမှာ ခုဆိုရင် ဈေးဘယ်တော့ ပြန်ကျမလဲဆိုတာကိုပဲ  စောင့်နေကြ တယ်။ ဈေးကျသွားရင် ပြန်ဝယ်ဖို့ အတွက်ပါ''ဟု ရွှေကုန်သည် ဦးလှဦးကဆိုသည်။
မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ် အတွင်း ဈေးဆက်လက်မြင့်တက်လျက် ရှိရာ ဇွန် ၁ရက်နေ့က ကျပ် ၇၁၅၅၀၀ ရှိခဲ့ပြီး မေ ၃ရက်တွင် ကျပ် ၇၂၀၀၀၀ သို့ မြင့်တက်ခဲ့သည်။ ဇွန်၅ရက်တွင် ကျပ် ၇၂၂၀၀၀ သို့ဆက်လက်မြင့်တက် ခဲ့သည်။
မယ်သီတာ