Main menu

Background

ပြည်မတ်ပဲ ဝယ်လိုအားရှိသလောက် အရောင်းအဝယ်ဖြစ်ကာ ဈေးလည်းမြင့်တက်လာ

Mon, 06/20/2016 - 14:46 -- journal_editor

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မိုးစပါးပြီး လျှင် ဆောင်းသီးနှံအဖြစ် အဓိကထားစိုက်ပျိုးသော မတ်ပဲ သီးနှံသည် နှစ်စဉ်စိုက်ဧက တစ်သိန်းကျော်စိုက်ပျိုးကြပြီး အခြားပဲများကိုတော့ စိုက်ဧက အနည်းငယ်သာ စိုက်ပျိုး ကြပါတယ်။ ဈေးကွက်အတွင်းမှာဆိုရင်လည်း မတ်ပဲဟာ ၂၀၁၅ နှစ်ကုန် ပိုင်းလောက်မှလွဲ၍ ကျန်နှစ်များမှာတော့ တစ်နှစ်တာလုံး  အရောင်းအဝယ်ဖြစ်တဲ့ပဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ပဲလက်ကျန်မရှိတော့အောင်ဖြစ် ခဲ့ရခြင်းမှာ ပဲဈေးနှုန်း များ စံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် လက်ဝယ်ရှိသမျှ ထုတ်ရောင်းချခဲ့သလို မျိုးပဲများလည်း ဝယ်ယူချိန်ဖြစ်ခဲ့လို့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။
        ၎င်းရာသီတွင် မတ်ပဲတစ်တင်းလျှင် ခုနစ်သောင်း ကျော်အထိ ဈေးမြင့် တက်ခဲ့ပြီး မျိုးပဲဝယ်ယူစိုက်ပျိုးသူများ အနေဖြင့်လည်း ဈေး အမြင့်နဲ့ ဝယ်ယူစိုက်ပျိုးခဲ့ကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် ယခင်နှစ်များကထက် စိုက်ပျိုး ထုတ်လုပ်မှု စရိတ်များ ပိုမိုကုန်ကျခဲ့တဲ့အတွက် ပဲသစ်ပေါ် ချိန်မှာ ဈေးကောင်းရသလို အထွက်နှုန်းလည်း ကောင်းမှ သာ အကျိုး အမြတ်ရရှိမယ်လို့ ခန့်မှန်းပြီး စိုက်ပျိုးခဲ့ကြတယ် လို့  တောင်သူများထံမှ သိရပါတယ်။ ဒါပေမယ့် ပဲသ စ်ပေါ်ချိန်က မတ်ပဲဈေးမှာ တစ်တင်း ကျပ် ၅၉၀၀၀ နဲ့ ဈေးဖွင့်ခဲ့တဲ့အတွက် ပဲဟောင်းဈေးကို မမီသော်လည်း ယခင်နှစ်တွေက ပဲသစ်ပေါ်ချိန် ဈေး နှုန်းများထက် ဈေးကောင်းရခဲ့ကြပါတယ်။ ယခုနှစ် ပဲစိုက် တောင်သူများအနေနဲ့ ထို က်သင့်သလောက် ဈေးကောင်း ရခဲ့သလို ပဲအထွက်နှုန်းလည်း ကောင်းမွန်ခဲ့တာကြောင့် အကျိုးအမြတ်များရရှိခဲ့ကြသလို ဝင်ငွေများတိုးပွားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ယခုနှစ် ပဲပေါ်ချိန်မှစ၍ ယခုအချိန်အထိ ပဲဈေးမှာ ပဲအ ထွက်လှိုင်ချိန် ဖေဖော်ဝါရီ၊ မတ်လများက ဈေး အနည်းငယ်ပြန်အေးသွားခဲ့တာကလွဲ၍ ယခုအချိန်မှာလည်း  ပဲဈေးမှာ တစ်တင်းကျပ်ငါးသောင်း အထက်ရရှိနေခဲ့သလို ယခုရက်ပိုင်းမှာ ပဲဈေးအတက်ဘက် ဦးတည်လာတဲ့အတွက် ကျပ်ခြောက်သောင်းနီးပါး ရရှိ လာခဲ့ကြတာကို တွေ့ရပါတယ်။
        ၂၀၁၅ခုနှစ် ဇွန်လက ဈေးနှုန်းမှာ တစ်တင်း ၄၁၉၀၀ ကျပ်မှ ကျပ် ၄၄၅၀၀ သာရရှိလို့ ကျပ်ငါးသောင်းအောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ဈေးကောင်းရနေခဲ့တယ်ဆို သော်လည်း ယခုနှစ်မှာတော့ တစ်တင်းတစ်သောင်း ခန့် ဈေးပိုရလာခဲ့ပါတယ်။ တချို့ တောင်သူများနဲ့  သိုလှောင် သည့်သူများလည်း ထုတ်ရောင်းချသူများရှိသလို တက် ဈေးမျှော်ကာ သိုလှောင်သူများလည်း ဆက်လက်ရှိနေခဲ့ ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်ပဲဈေးကွက်မှာ ရန်ကုန်ဝယ်လက်က တစ်ရက်ကို အိတ် ၅၀၀ ကျော် ဝယ် ယူနေကြတဲ့အတွက်  အရောင်းအဝယ်ဖြစ်ခဲ့သလို ဈေး ကလည်း ပဲဈေးကွက်အတွင်း အမြင့်ဆုံးရနေကာ မျက်နှာ ပန်းလှတဲ့ ပဲသီးနှံဖြစ်ခဲ့ပါတယ်။ ပြည်ပဝယ်လိုအား ရှိတဲ့ ပဲစင်းငုံသီးနှံကလည်း ဈေးမြင့်တက်လာခဲ့တာကြောင့် မတ်ပဲနဲ့ ပဲစင်းငုံသီးနှံဟာ ဈေးပြိုင်မြင့်တက်ခဲ့ပေမယ့် မတ်ပဲသီးနှံကလက်ကျန်လည်းရှိသလို ပဲအဝင်လည်း ဆက်ရှိနေခဲ့ပြီး ဝယ်လိုအားရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ေ ကြာင်း သိရပါတယ်။

 

(ခင်ဆွေဝင်း)