Main menu

Background

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်လှစ်

Mon, 06/20/2016 - 15:14 -- journal_editor

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊  ကုန်သွယ်မှုပညာပေးရေး ဌာန၊  ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်း အမှတ်စဉ်(၈)ကို ဇွန် ၁၅ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို အဆိုပါသင်တန်း ကျောင်းတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ရာ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင် ထွန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏  ကုန်သွယ်မှုကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်သွ ယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုပညာ ပြန့်ပွားရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပိုမိုမြန်ဆန်အောင် စီမံဆောင်ရွက်ပေးလျက်ရှိပြီး ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကို လည်း နို င်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းကဲ့သို့သော လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လုပ်ငန်းနယ်ပယ်အသီးသီးရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တ က်ရန် အဓိကလိုအပ်ပါတယ်။
           ဒါကြောင့် ကုန်သွယ်ရေးကဏ္ဍစဉ်ဆက်မပြတ် တိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ် ဧပြီလမှစတင်၍ ကုန် သွယ်မှုသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ရာ ၂၀၁၆ ခုနှစ် အထိ ကုန်သွယ်မှုသင်တန်း ခုနစ်ကြိမ်နှင့် အဆင့်မြင့် သင်တန်း သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၆၀၁ ဦး တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊  နိုင်ငံတော်အစိုးရသစ် အနေဖြင့် ရက် ၁၀၀ စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် Fully Online Licensing System ကို စတင်ကျင့်သုံးနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ရာတွင် ပို့ကုန် ၂၈မျိုး၊ သွင်းကုန် ၁၅ မျိုး ကို စတင်ဆောင်ရွက်ပေးခဲ့ပြီး လာမယ့် ဇူလိုင်လမှာ CMP စနစ်ရဲ့ လိုင်စင်လျှောက်ထားမှုများကိုFully Online Licensing System ဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ် ထားပြီးဖြစ်ကြောင်း၊ ယင်းကဲ့သို့သော အကြောင်းအရာ များကိုလည်း ယခုသင်တန်းတွင် ထည့်သွင်းပို့ချသွား မည်ဖြစ်ကြောင်း စသည်ြ ဖင့် ပြောကြားသွားခဲ့သည်။ အဆိုပါသင်တန်းကို ဇွန် ၁၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ယတနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာနေ့တို့ တွင် နံနက် ၉နာရီမှ နေ့လယ် ၁၂နာရီအထိ တက်ရောက်ရမည်ဖြစ်ရာ သင်တန်းကာလမှာ ေ လးလကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်းသို့ သင်တန်းသား၊  သင်တန်းသူ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။  

 

မယ်သီတာ