Main menu

Background

ပြည်ဈေးကွက်မှာ ကြက်သွန်နီ အဝင်နည်းပေမယ့် ဈေးငြိမ်လျက်ရှိ

Tue, 06/21/2016 - 11:24 -- journal_editor

        ပြည်ကြက်သွန်နီဈေးကွက်တွင် ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံမြို့နယ်များမှ ဆောင်းစိုက်ကြက် သွန်နီများ ဝင်ရောက်မှု  နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။   ပွဲရုံများသို့ တစ် ပတ် အတွင်း ပိဿာ ၃၀ ဝင် အိတ် ၁၅၀၀ ခန့် အဝင်ရှိပြီး  ဈေး နှုန်းမှာလည်း တစ်ပိဿာကို (ကြီး) ကျပ်၆၀၀၊ (လတ်) ကျပ် ၅၈၀၊ (သေး) ကျပ် ၅၀၀ နှင့် လက်လီဈေးအသေးများ တွင် (ရှယ်သန့်) ကျပ် ၈၀၀၊ (ကြီး) ကျပ် ၇၅၀၊ (လတ်) ကျပ် ၇၀၀၊ (သေး) ကျပ် ၆၀၀ တို့နှင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အရောင်းအဝယ်မှာ ဒေသတွင်း  ပုံမှန်ဝယ်လက်များဖြင့် နေ့စဉ်အိတ် ၂၅၀ ခန့် ပုံမှန်ရောင်းဝယ်မှုရှိနေပါတယ်။
         ပြည်ဒေသလက်ကျန်အနေနဲ့ မြန်မာပြည်(အောက် ပိုင်း) စွတ်စိုရာသီများတွင် သိုလှောင်လျှင် အထားမခံသည့်အတွက် ကြက်သွန်နီထွက်ရှိရာ မန္တလေးတိုင်း၊ မကွေးတိုင်း များ၌ ကြက်သွန်နီ အများအပြား သိုလှောင်ထား ရှိကြပြီး အရောင်းအဝယ်သွက်မှသာ  ပိုမိုမှာယူတင်သွင်းကြောင်း  ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ဝင်းလဲ့ဝါ(ပြည်)