Main menu

Background

ပြည်တွင်းရွှေဈေး ကျပ်ရှစ်သိန်းကျော်အထိ မြင့်တက်

Tue, 06/21/2016 - 13:36 -- journal_editor

      ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ကျပ်ရှစ်သိန်းကျော်အထိမြင့် တက်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး မြင့် တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေ ဈေး မြင့်တက်လာရခြင်းမှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းများမတိုး၍ဖြစ် ကြောင်း၊ ရွှေဈေးတက်မတက်မှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းပေါ်တွင် မူတည်နေကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့  သည်။ "ကမ္ဘာ့ရွှေဈေး မြင့်တက်လာလို့ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာခဲ့ ပါတယ်။ ကမ္ဘာ့ရွှေဈေးက အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်းပေါ်မှာမူတည်ပါ တယ်။ ဗဟိုဘဏ်ရဲ့အတိုးနှုန်းမတိုးတော့ဘူးဆိုရင် ရွှေဈေးက မြင့် တက်လာနိုင် ပါတယ်။ အခုဆိုရင်နှစ်နှစ်အတွင်း အမြင့်ဆုံးဈေးကိုရောက်လာခဲ့တာပါ။ ကမ္ဘာ့ ရွှေဈေးက ဒီတစ်ပတ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၃၀၀ အထိ မြင့်တက်လာတယ်။ ဒီလိုမြင့်တက်လာတာဟာ ပြန်ကျဖို့အလားအလာေ တွ အများကြီးရှိလာပြီ။ ပြည် တွင်းဈေးကွက်မှာတော့ ဈေးမြင့်တက်လာတဲ့အတွက် ပြန်ရောင်းတဲ့သူတွေ များ လာတယ်"ဟု ရွှေကုန်သည် ဦးစံမြင့်က ပြောကြားခဲ့သည်။ ပြည်တွင်းရွှွေဈေးသည် ဇွန် ၁၄ ရက်က ကျပ် ၇၉၇၀၀၀ ရှိခဲ့ ရာမှ ဇွန် ၁၆ ရက်တွင် ကျပ် ၈၀၉၀၀၀ သို့ မြင့်တက်ခဲ့ပြီး ဇွန် ၁၇ ရက်တွင် ကျပ် ၈၀၄၀၀၀သို့ ပြန်လည်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန် ၁၃ ရက်တွင် ၁၂၇၄ ဒေါ်လာရှိခဲ့ရာမှ ဇွန် ၁၆ရက်တွင် ၁၃၀၀ ဒေါ်လာသို့မြင့်တက် ခဲ့ပြီး ဇွန် ၁၇ ရက်တွင် ၁၂၈၀ ဒေါ်လာသို့ ကျဆင်းခဲ့သည်။

 

မယ်သီတာ