Main menu

Background

သာယာဝတီ၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ဇီးကုန်း၊ နတ်တလင်းမြို့ နယ်များမှာမိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနေပြီ

Tue, 06/21/2016 - 15:59 -- journal_editor

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်တွင် တောင်သူလယ်သမားများ  မိုးစပါး အချိန်မီ  စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မိုးစပါးစိုက်စရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ ဇွန် ၁၄ ရက် အထိ သာယာဝတီမြို့နယ်တွင် ကျေးရွာ အုပ်စု ၂၄ အုပ်စုမှ တောင်သူ ၁၆၂၆ ဦး၏ မိုးစပါးစိုက်ဧက ၁၁၉၁၃ အတွက် ငွေကျပ်   ၁၇၈၆၉၅၀၀၀၀   ကို လည်း ကောင်း၊ မင်းလှမြို့နယ်တွင် ကျေးရွာ အုပ်စု ၂၄ အုပ်စုမှ တောင်သူ ၃၀၉၇ ဦး၏ မိုးစပါးစိုက်ဧက ၂၀၃၅၆ အတွက် ငွေကျပ် ၃၀၅၃၄၀၀၀၀၀ ကို လည်း ကောင်း၊ မိုးညိုမြို့နယ် ကျေးရွာအုပ်စု ၁၁ အုပ်စုမှ တောင်သူ ၁၁၀၈ ဦး၏ မိုး စပါးစိုက်ဧက ၅၆၈၅ အတွက် ငွေကျပ် ၈၅၂၇၄၀၀၀၀ ကိုလည်းကောင်း၊ အုတ်ဖိုမြို့နယ်တွင် ကျေးရွာအုပ်စု ၂၀ အုပ်စုမှ တောင်သူ ၂၆၈၁ ဦး၏ မိုးစပါး စိုက်ဧက ၁၆၇၉၉ အတွက် ငွေကျပ် ၂၅၁၉၈၅၀၀၀၀ ကိုလည်းေ ကာင်း၊ ဇီးကုန်းမြို့နယ်တွင်ကျေးရွာအုပ်စု  ၁၀ အုပ်စုမှ တောင်သူ ၁၃၆၅ ဦး၏ မိုးစပါး စိုက်ဧက ၇၈၇၄ ဧကအတွက် ငွေကျပ် ၁၁၈၁၁၀၀၀၀၀ ကိုလည်းကောင်း၊ နတ်တလင်း မြို့နယ်တွင် ကျေးရွာအုပ်စု ၂၉ အုပ်စုမှ တောင်သူ ၄၂၁၃ ဦး၏ မိုး စပါးစိုက်ဧက ၂၈၀၈၉ အတွက် ငွေကျပ် ၄၂၁၃၃၅၀၀၀၀ ကို လည်းကောင်း ထုတ်ပေးနိုင်ခဲ့ကြောင်း သိရပြီး သာယာဝတီမြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၄၈ အုပ်စုမှ မိုးစပါးစိုက်ဧက ၁၁၀၇၅၄ အတွက် တစ်ဧက လျှင် ငွေကျပ်တစ်သိန်းခွဲ နှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်း ပေါင်း ၁၆၆၁၃ ကို လည်းကောင်း၊ မင်းလှမြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၅၆ အုပ်စုမှ မိုးစပါးစိုက်ဧက ၆၂၉၂၄ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၉၄၃၈  ကိုလည်းေ ကာင်း၊ မိုးညိုမြို့နယ်၌ ကျေးရွာ အုပ်စုပေါင်း ၄၃ အုပ်စုမှ စိုက်ဧက ၄၉၀၄၂ ဧက အတွက် ငွေကျပ်သိန်းပေါင်း ၇၃၅၆ ကိုလည်းကောင်း၊ အုတ်ဖိုမြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၅၅ အုပ်စုမှ စိုက် ဧက ၁၀၀၃၇၂ ဧကအတွက် ငွေ ကျပ် သိန်းပေါင်း ၁၅၀၅၅ ကိုလည်းကောင်း၊ ဇီးကုန်းမြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၂၉ အုပ်စုမှ စိုက်ဧက ၃၈၁၇၆ ဧက အတွက် ငွေကျပ်သိန်းပေါင်း ၅၇၂၆ ကို လည်းကောင်း၊ နတ်တလင်းမြို့နယ်၌ ကျေးရွာ အုပ်စုပေါင်း ၇၇ အုပ်စုမှ စိုက် ဧက ၁၁၀၁၁၇ အတွက် ငွေကျပ်သိန်း ပေါင်း ၁၆၅၁၇ ကိုထုတ်ချေးသွားမည် ဖြစ်ပါသည်။ စိုက်ပျိုးစရိတ် ချေးငွေကို ဇွန်လမှစ၍ စက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရပါတယ်။

 

ခင်ခင်ထိုက်-လက်ပံတန်း