Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်မြင့်တက်

Wed, 12/06/2017 - 11:28 -- journal_editor

        ရက်သတ္တသုံးပတ်ဆက်တိုက် ငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ကြောင်း ပြည်တွင်း ငွေလဲဈေး ကွက်အတွင်းမှ စုံစမ်းသိရှိသည်။ ဈေးကွက်အတွင်း အေ ရာင်းအဝယ်များ အေးနေရာမှ အနည်းငယ်ပြန်လည် သွက်လာမှုကြောင့် ဈေးများပြန်လည်မြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။ "ခရီးသွားရာသီတွေလည်းရောက်လာပြီဆိုတော့ ဈေးကွက်က နည်းနည်းပြန် လှုပ်လာတယ်။ ဈေးကွက်ပြန်လှုပ်လာတဲ့အတွက် အရောင်းအဝယ် ပြန်သွက်လာတယ်လို့ ပြောရမယ်။ စပါးပေါ်တဲ့ရာသီလည်းရောက်နေတဲ့အတွက်  ဈေးကွက်ပြန် လှုပ်လာတာပါ။ နိုဝင်ဘာလတစ်လလုံး ဈေးကွက်ပျောက်နေသလိုမျိုး ခံစားေ နရတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။
        ယခုတစ်ပတ်တွင် ဈေးစဖွင့်ချိန်က အနိမ့်ဈေးဖြင့် ဈေးဖွင့်ခဲ့သော်လည်း ဈေး ပိတ်ရက်ဖြစ်သည့် သောကြာနေ့တွင်မူ အမြင့်ဈေးဖြင့် ဈေးပိတ်ခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်းငွေလဲနှုန်းများကို ထု တ်ပြန်ရာတွင် နိုဝင်ဘာ ၂၇ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၆၆ ကျပ်ဖြစ် သော်လည်း ဒီဇင်ဘာ ၁ ရက်တွင် ၁၃၆၄ ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ပြည်တွင်းငွေလဲစင်တာများတွင် နိုဝင်ဘာ ၂၇ ရက်က အမေ ရိကန် တစ် ဒေါ်လာလျှင် ရောင်းဈေး ၁၃၅၇ ကျပ်၊ ဝယ်ဈေး ၁၃၅၅ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင် ရောင်းဈေး ၁၃၅၈ ကျပ်၊ ဝယ်ဈေး ၁၃၅၆ ကျပ်ရှိခဲ့သည်။ ဒီဇင်ဘာ  ၁ ရက်တွင် ရောင်းဈေး ၁၃၅၈ ကျပ်၊ ဝယ်ဈေး ၁၃၅၇ ကျပ်ရှိခဲ့သည်။

 

မယ်သီတာ