Main menu

Background

အမေရိကန်ပြည်ထောင်စုကိုခြေဆန့်လာတဲ့ ဘောလီးဝုဒ်လက်ရာတွေ

Tue, 03/09/2010 - 06:27 -- Anonymous (not verified)

   ဖေဖော်ဝါရီလလယ်လောက်က Fox Searchlight က ဘောလီးဝုဒ်ရုပ်ရှင် "My Name Is Khan" ကို အမေရိကန် ပြည်ထောင် စုမှာ ပြသပေးတဲ့အခါ နေရာပေါင်း ၁၂၀ ကနေ ဝင်ငွေဒေါ်လာ ၁ ဒသမ ၉ သန်းအထိရရှိခဲ့ပါတယ်။ အိန္ဒိယ ရုပ်ရှင်ကား တစ်ကား အတွက် စံချိန်တင်ပေးလိုက်တဲ့ ဝင်ငွေဖြစ်ပါတယ်။  ဒီလိုအောင်မြင်မှုရခဲ့တာကလည်း ကြက်ကန်းဆန်အိုးတိုးတဲ့အဖြစ်မျိုးတော့ မဟုတ်ပါဘူး။ ''ကျွန်တော်တို့က ဒီမှာရှိတဲ့ အိန္ဒိယနွယ်ဖွားတွေကို အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်'' လို့ Fox Searchlight ရဲ့ ဈေးကွက်ရှာဖွေရေး အမှုဆောင်အရာရှိ မစ်ချဲဟူးပါးက ပြောပါတယ်။ ၂၀၀၉ ခုနှစ်က Slumdog Millionaire အပြင် တခြားအိန္ဒိယ ဇာတ်ကားတွေဖြစ်တဲ့ The Name Sake နဲ့ Water စတဲ့ ကားတွေပြပြီးကတည်းက အမေရိကန်မှာရှိတဲ့ အိန္ဒိယရုပ်ရှင်ပရိတ် သတ်တွေကို ဘယ်လိုစုစည်းရမယ် ဆိုတာကို Fox Searchlihgt က သဘောပေါက်နားလည်ခဲ့တယ်လို့ ဟူးပါးကပြောပါတယ်။   ဘောလီးဝုဒ်ဇာတ်ကားတွေအတွက် အမာခံပရိတ်သတ်အားလုံးနီးပါးက တောင်အာရှမှာ မွေးဖွားခဲ့သူတွေ ဒါမှမဟုတ် အိန္ဒိယနဲ့ ပါကစ္စတန်မှာ သန္ဓေတည်ခဲ့သူတွေဖြစ်ပါတယ်။ ဒီပရိတ်သတ်တွေဟာ Fox Searchlight က မူပိုင်ခွင့်ကိုဝယ်လိုက်ပြီဆို ကတည်းက 'ခန်း' ကိုမျှော်နေကြတာပါ။ ဇာတ်ဆောင်မင်းသား ရှားရွတ်ခန်း အမေရိကန် နယူဂျာစီပြည်နယ် နီဝပ်လေဆိပ်မှာ  အထိန်းသိမ်းခံခဲ့ရတဲ့ အဖြစ်ကလည်း ဇာတ်ကားကိုသတိထားမိစရာဖြစ်စေခဲ့ပါတယ်။   Fox Searchlight ရဲ့လှုပ်ရှားမှုနောက်မှာ တခြားဇာတ်ကားတွေဖြစ်တဲ့  3 Idiots ကလည်းကပ်ပြီးလိုက်ပါလာခဲ့ရာက အမေရိ ကန်ပြည်ထောင်စုမှာ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅ သန်းထိရရှိခဲ့ပါတယ်။ ဒီဇာတ်ကားက အိန္ဒိယနွယ်ဖွားတွေ အများဆုံးနေတဲ့ နယူး ယောက်နဲ့ လော့အိန်ဂျယ်လိမှာသာမက အာကင်ဆပ်ပြည်နယ်က ရောဂျား၊ မစ်ချီကန်ပြည်နယ်က ဝါရင်း၊ အီလီဒွိုက်ပြည်နယ်က ပိုရီးယားတို့ထိရောက်ရှိခဲ့ပါတယ်။   အလားတူပဲ 'ခန်း' ကို စတင်မိတ်ဆက်တဲ့အချိန်မှာ နယူးယောက်မှာသာမက လော့စ်အိန်ဂျယ်လိနဲ့ ချီကာဂိုမြို့တွေမှာလည်း ကြည့်ရှု ခံစားခွင့်ရခဲ့ပါတယ်။ သူတို့သာမက အိန္ဒိယဇာတ်ကားတွေနဲ့ ယေဘုယျအားဖြင့် ထိတွေ့ခွင့်မရတဲ့မြို့ငယ်ကလေးတွေမှာ နေထိုင်သူတွေလည်း ရှုစားခွင့်ရခဲ့ပါတယ်။   ယခုအချိန်မှာ "Khan"  ဇာတ်ကားအတွက် အမေရိကန်မှရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၃ ဒသမ ၆ သန်းရှိနေပါပြီ။ ဒါကြောင့် ဒီဇာတ်ကားက အမေရိကန်မှာတွင်ကျယ်ခဲ့တဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာပါတယ်။ အိန္ဒိယဇာတ်ကား တွေကို ရုံကြီးတွေမှာစပြီး ရုံတင်ရင်ခိုးကူးခွေတွေကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေပြီး ပရိတ်သတ်ကိုပိုပြီး ဆွဲဆောင်နိုင် တယ်ဆိုတာကို "3 Idiot" ကို ထုတ်လုပ်သူ Vinod Chopra Prods ထုတ်လုပ်ရေးမှ ဆပ်ဘတ်ဒါးက သဘောပေါက်နားလည်ခဲ့ပါ တယ်။ ဖြန့်ချိမှုကလည်း ပုံမှန်ထက်နှစ်ဆတက်လာပြီး အများအားဖြင့် ဥပေက္ခာအပြုခံဖြစ်တဲ့ မြို့ငယ်ကလေးတွေထိ ပြန့်နှံ့သွားခဲ့ ပါတယ်။   Reliance MediaWorks နဲ့ မဟာမိတ်ဖွဲ့နိုင်မှုကြောင့်လည်း ပြပွဲစီစဉ်သူတွေက ကမ္ဘာနဲ့ချီပြီး ခရီးဆန့်လိုတဲ့အတွက် "3 Idiots"  ရဲ့ရောင်းအားကိုမြှင့်တင်နိုင်ခဲ့ပါတယ်။    ဟိုအရင်ကဆိုရင် အိန္ဒိယပြပွဲစီစဉ်သူတွေက ဒေသတစ်ခုတည်းကိုသာကွက်ပြီး ဆောင်ရွက်လိုတဲ့သဘောထားရှိပါတယ်။ ဒီဇင်ဘာလက "3 Idiots" ကို ပြသချိန်မှ နေရာပေါင်း ၁၃၀ ကိုခွဲပြီး ဆောင်ရွက်ခဲ့ပြီး နောက်သီတင်းပတ်တွေမှာလည်း ထပ်မံပြသ နိုင်ခဲ့ပါတယ်။   RelianceMedia Worksက ဇာတ်ကားကို အွန်လိုင်းကရော တောင်အာရှကလပ်အသင်းတွေက တစ်ဆင့်ရော ပရိတ်သတ်တွေ သိအောင် ကြေညာခဲ့တယ်လို့ RelianceMedia Works ရဲ့ စီအီးအို အာနီအာဂျန်းကပြောပါတယ်။   အမေရိကန်ပြည်ထောင်စုမှာ Aamir Khan ရဲ့ကားကိုပဲပြပြ၊ Shah Rukh Khan ရဲ့ကားကိုပဲပြပြ ပရိတ်သတ်ကတော့ ရှိနေပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားတွေဟာ အမေရိကန် ပရိတ်သတ်ဆီကို ပြန့်နှံ့သွားမယ်လို့တော့ ကံသေကံမ ပြောလို့မရပါ ဘူး။ အမေရိကန် ပရိတ်သတ်တွေက စာတန်းထိုး ကားတွေကြည့်ဖို့ စိတ်မဝင်စားကြ ဘူး။ "Slumdog" ကို နမူနာပြပြီး အမေရိ ကန်တွေက အိန္ဒိယကားတွေကို ကြိုက်နေပြီလို့ တစ်ထစ်ချပြောလို့မရပါဘူး။ ဒီဇာတ်ကားက အင်္ဂလိပ်စကားပြောကားဖြစ်နေတာ ကို မေ့လို့ မရပါဘူးလို့ဆိုပါတယ်။ Source: variety.com