Main menu

Background

အမေရိကမှာ အကျော်ကြားဆုံး သရုပ်ဆောင်များ

Wed, 02/17/2010 - 13:35 -- Anonymous (not verified)

    Harris Pool  ရဲ့ နောက်ဆုံးစစ် တမ်းကောက်ယူချက်များအရ  အမေရိကမှာ ဖေးဖရိတ်အဖြစ်ဆုံး ထိပ်တန်း သရုပ်ဆောင်များ စာရင်းကို ဖေဖော်ဝါ ရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာ လိုက်ရာမှာ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ရုပ်ရှင် ထုတ်လုပ်သူ ကောင်းဘွိုင်ဇာတ်ရုပ်နဲ့ ပရိသတ်ရင်ထဲမှာ စွဲငြိနေသူ အကယ်ဒမီ ဆုရှင် ကလင့်အိစ်ဝုဒ်ကို ထိပ်ဆုံးမှာ နေရာပေးထား တာတွေ့ရပါတယ်။    ပင်လယ်ဓားပြ မင်းသားရယ်လို့ လူသိများ ကျော်ကြားလေတဲ့ အသက် ၄၆ နှစ် အရွယ် ဂျွန်နီဒက်ဖ်ကတော့ ဒုတိယနေ ရာမှာ တွေ့ရပြီး အသက် ၅၅ နှစ်အရွယ် သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း ဆရာ ဒန်ဇယ်ဝါရှင်တန်က တတိယနေရာမှာ ချိတ်နေတာကို တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ The Blind Side အားကစား ဒရာမာဇာတ်ကားနဲ့ ကျော် ကြားနေသူ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီး ဆန်ဒရာဘူးလော့စ်က စတုတ္ထနေရာမှာရောက်နေပြီး ပဉ္စမနေ ရာမှာတော့ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ အကယ်ဒမီဆုရှင် တွမ်ဟာ့စ်က နေရာ ယူထားတယ်လို့ သိရပါတယ်။