Main menu

Background

အမြတ်နည်းနည်းနဲ့ များများရောင်းချလာတဲ့ စိန်ဈေးကွက်

Wed, 02/03/2010 - 06:10 -- Anonymous (not verified)

    ယခုအခါစိန်ဈေးကွက်တွင် စိန်ရောင်းဝယ်သူများမှာ အမြတ်နည်းနည်းဖြင့် အရေအတွက် များများ ရောင်းချရေးကိုသာ ဦးစားပေးလာတယ်လို့ စိန်ရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။    ''အခုစိန်ဈေးကွက်က အေးနေတာကြာပြီ။ အရောင်းအဝယ်က ပုံမှန်လောက်ပဲရှိတယ်။ ဈေး ကွက်အေးနေတာဆိုရင် ၂ နှစ်လောက်ရှိပြီ။ အရင်နှစ်တွေကဆိုရင် ပွင့်လင်းရာသီ မင်္ဂလာ ဆောင်းရာသီဆိုရင် အရမ်းရောင်းရတယ်။ အခု နှစ်နှစ်အတွင်း ထင်သလောက်မဖြစ်ခဲ့ဘူး။ ဈေးကွက်အေးနေတော့ ရောင်းဝယ်သူတွေက အမြတ်အများကြီးမတင်ရဲတော့ဘူး။ အမြတ်နည်း နည်းနဲ့ အရေအတွက်များများ ရောင်းချနိုင်ရေးကိုပဲ ဦးစားပေးလာကြတယ်။ ဆိုင်တွေက ကိုယ့် ဖောက်သည် မပျက်ရေးနဲ့ အရောင်းအဝယ်ဖြစ်ရေးကိုသာ အဓိကထားလာတယ်။ အခုဆို ဈေး ကွက်ထဲကို စိန်အသန့်တွေ အဝင်နည်းတယ်။ တစ်ခါတစ်ခါမှာရင်တောင် တော်တော်လေး စောင့်ရတယ်'' လို့ ဆိုပါတယ်။    ယခုလတ်တလော စိန်ဈေးကွက်အတွင်းတွင် စိန်အသန့်များသာ လူကြိုက်များပြီး အရောင်း အဝယ်ဖြစ်နေပါတယ်။ ယိုးဒယားစိန်အတုတွေဝင်လာတာကြောင့်  ဈေးကွက်ဂယက်ရိုက်မယ်လို့ ထင်ပေမယ့် အတုနဲ့ အစစ်ခွဲခြားရလွယ်လို့ ဈေးကွက်ပြန်တည်ငြိမ်လာပါတယ်။ အိန္ဒိယက စိန်အရိုင်းဈေးတွေရော၊ စိန်အသန့် ဈေးတွေရော တက်လာလို့ ပြည်တွင်းဈေးကွက်ထဲ အဝင် နည်းလာတယ်လို့ သိရပါတယ်။မင်းသန့်