Main menu

Background

အရှေ့အာရှ တစ်ခုတည်းသော ငွေကြေးကိုထူထောင်ဖို့အဆိုပြု

Thu, 02/18/2010 - 06:43 -- Anonymous (not verified)

   တရုတ်၊ ဂျပန်နဲ့ကိုရီးယားနိုင်ငံတို့မှ စီးပွားရေးသုတေသီတို့ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အမျိုးသားတက္ကသိုလ်မှာ ဖေဖော်ဝါ ရီ ၈ ရက်နေ့ကစတင်ပြီး အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးရဲ့ရည်ရွယ်ချက်ကတော့ အရှေ့အာရှစီးပွားရေးကိုထူထောင်ဖို့ ပဲ ဖြစ်ပါတယ်။   အနောက်ဥရောပမှာကျင့်သုံးနေတဲ့ ယူရိုငွေကြေးလိုတစ်ခုတည်းသော ဒေသတွင်းငွေကြေးတစ်ရပ်ထူထောင်ဖို့ ပထမခြေလှမ်းအဖြစ် တရုတ်ယွမ်၊ ဂျပန်ယန်းနဲ့ တောင်ကိုရီးယားဝမ်တို့ရဲ့ ငွေလဲလှယ်မှုနှုန်းထားကို ချိတ်ဆက်ထားဖို့ ကိုရီးယားစီးပွားရေး အသင်းဥက္ကဌနဲ့ ဆိုးလ်အမျိုးသား တက္ကသိုလ် ပါမောက္ခ ကင်အင်ဂျွန်းကအဆိုပြုခဲ့ပါတယ်။   အရှေ့အာရှ စီးပွားရေးတွေကို ယခုလိုပေါင်းစည်းလိုက်တဲ့အတွက် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး ဒီက တစ်ဆင့် အာရှဒေသနဲ့ အမေရိကန်ပြည်ထောင်စုအကြားတည်ရှိနေတဲ့ ကမ္ဘာ့ကုန်သွယ်မှု ချိန်ခွင်လျှာတစ်ဘက်စောင်းနင်းဖြစ်တာကို လျှော့ချပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်။ ဒီလိုမဆောင်ရွက်နိုင်ရင် ကမ္ဘာ့ငွေကြေးနဲ့ စီးပွားရေးအကျပ်အတည်း နောက်တစ်ကြိမ်ထပ်မံဖြစ် ပွားနိုင်တယ်လို့ ဆိုပါတယ်။   ၁၉၉၀ ပြည့်လွန်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ အာရှဘဏ္ဍာရေးအကျပ်အတည်းနဲ့ မကြာမီက ဖြစ်ပေါ်ခဲ့တဲ့ကမ္ဘာ့ဘဏ္ဍာရေး အကျပ် အတည်းမျိုးမဖြစ်ပွားဖို့အတွက် အရှေ့အာရှသုံးနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတို့ကငွေကြေးဖလှယ်ရေး ရန်ပုံငွေဒေါ်လာဘီလီယံ ၁၂၀ ထားရှိမဲ့ ချင်းမိုင် ကနဦး အစီအစဉ်လိုမျိုး နိုင်ငံစုံငွေကြေးဖလှယ်မှု အစီအစဉ်ကိုဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။   အကောင်းဆုံးကတော့ တစ်ခုတည်းသော အာရှငွေကြေးထူထောင်ပြီး ငွေကြေးသမဂ္ဂထူထောင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ အဖြစ်နိုင်ဆုံးကတော့ အရှေ့အာရှငွေကြေးတွေကိုစုစည်းပြီး ငွေကြေးဖလှယ်မှုနှုန်း အစီအစဉ်ကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်။   မကြာမီကဖြစ်ပေါ်ခဲ့တဲ့ ဘဏ္ဍာရေးအကျပ်အတည်းက ''အရှေ့အာရှခေတ် ဆန်းချိန်'' ကို လမ်းဖွင့်ပေးလိုက်တယ် လို့ ဂျပန် စီးပွားရေးအသင်း ဥက္ကဌ မာဆာဟီဆာဖူဂျီတကပြောကြားပါတယ်။   ဥရောပမှာလက်ရှိဖြစ်ပေါ်နေတဲ့ ဂရိကြွေးမြီအကျပ်အတည်းကိုကြည့်ပါက တစ်ခုတည်းသော ဒေသဆိုင်ရာငွေကြေးစနစ်က အမျိုးသားစီးပွားရေးတွေအပေါ် ထိခိုက်မှုဖြစ်စေနိုင်တာကိုတွေ့ရမှာဖြစ်တဲ့အတွက် ဒီကိစ္စကို ပိုမိုဆွေးနွေးဖို့လိုမယ်လို့ ရှင်ဟန်း ရင်းနှီး မြှုပ်နှံမှုအဖွဲ့မှ စီးပွားရေးပညာရှင်လီဆန်ကွမ်းကပြောကြားပါတယ်။ Source: Koreatimes.co.kr ဉာဏ်တင်