Main menu

Background

အလုပ်သင်ဝန်ထမ်းအစီအစဉ် လူငယ်အများစုပါဝင်ကာ အလုပ်ဝင်နိုင်

Tue, 03/09/2010 - 10:10 -- Anonymous (not verified)

    မြန်မာနိုင်ငံ၏ လူငယ်အများစုအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းခွင် အတွေ့အကြုံရယူနိုင်ရေးရည်ရွယ်၍  Myanmar Credent Technology  ကုမ္ပဏီတွင် အလုပ်သင်ဝန်ထမ်းအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ အလုပ်ရှာဖွေနေသော လူငယ် အများစုပါဝင်ကာ အလုပ်သင်အဖြစ် အလုပ်ဝင်နိုင်ကြောင်း ၎င်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။    အလုပ်သင်ဝန်ထမ်း လာရောက်လျှောက်ထားသော လုပ်ငန်းနယ်ပယ်အလိုက် လက်ခံနိုင်စွမ်း အရေအတွက် အကန့်အသတ်ရှိ သဖြင့် လက်ခံနိုင်သလောက် လက်ခံသွားမည်ဖြစ်ကြောင်း၊ အလုပ်သင်ဝန်ထမ်းများကို သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကုမ္ပဏီဝန်ထမ်းတစ်ဦးနှင့် တွဲဖက်ပေးပြီး အဆိုပါညွှန်ကြားပြသပေးသူ ဝန်ထမ်း၏ လမ်းညွှန်မှုကိုခံယူ၍ လုပ်ငန်းနယ်ပယ်အလိုက် အနည်းဆုံး သုံးလကြာ တာဝန်ထမ်းဆောင် လုပ်ကိုင်ရမည်ဖြစ်ကြောင်းသိရသည်။     ''ဘွဲ့ရရှိပြီး လုပ်ငန်းခွင်ဝင်ဖို့ပြင်နေကြတဲ့ လူငယ်တွေအတွက်ရည်ရွယ်ပါတယ်။ နည်းပညာနဲ့ပတ်သက်လို့ တစ်ခုခုတတ် ထားမယ်။  Certificate ရထားမယ်ဆိုရင် ဒီမှာအလုပ်သင်ဝန်ထမ်း လာလျှောက်နိုင်ပါတယ်။ သုံးလလောက် အလုပ်သင်ပြီးရင် ဒီမှာခန့်ရင်ခန့်၊ မခန့်ရင်သင့်တော်တဲ့နေရာနဲ့ ချိတ်ပေးမှာပါ။ ကုမ္ပဏီမှာ အလုပ်သင်ကာလ ကုမ္ပဏီဝန်ထမ်းတွေနည်းတူ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမှာပါ'' ဟု Myanmar Credent Technology မှ တာဝန်ရှိသူကပြောသည်။    ကုမ္ပဏီမှ ဆောင်ရွက်နေသော လုပ်ငန်းစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်လေ့လာခွင့်ရမည့်အပြင် ကုမ္ပဏီမှ ဖွင့်လှစ်သော သင်တန်းများနှင့် အခြားသင်တန်းများ တက်ရောက်ရန်လည်း ညွှန်ကြားပြသူူ၏ ထောက်ခံချက်၊ ကုမ္ပဏီ၏ခွင့်ပြုချက်ရရှိပါက တက်ရောက်ခွင့်ရမည်ဖြစ် ကြောင်း၊ ၎င်းအလုပ်သင်ဝန်ထမ်းအစီအစဉ်ကို မြန်မာအင်ဖိုတက်၊ အဆောင်  (၁)ရှိ Myanmar Credent Technology တွင် လာရောက်လျှောက်ထား နိုင်ကြောင်း သိရသည်။