Main menu

Background

အလှမ်းကျယ်အလယ်လပ် တိုယိုကျိုတာဗျူဟာ

Thu, 03/11/2010 - 03:22 -- Anonymous (not verified)

     တိုယိုတာမော်တော်ကားများတွင်အန္တရာယ် ကင်းရှင်းမှုနှင့် ပတ်သက်သော ချို့ယွင်းချက်များ တွေ့လာရသဖြင့် ကမ္ဘာတစ်ဝန်း လုံးသို့ ရောင်းချခဲ့ပြီးဖြစ်သည့် မော်တော်ကားမိုဒယ်အချို့မှ စီးရေ အများအပြားကို ကုမ္ပဏီက ပြန်လည်သိမ်းဆည်း နေရသည်။ ဤပြဿနာသည်  တိုယိုတာကုမ္ပဏီ ကိုယ်တိုင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခဲ့ခြင်း ဖြစ် သည်ဟု မော်တော်ကားထုတ်လုပ်ရေး  ကုမ္ပဏီ များက သဘောပေါက်ထားကြသည်။     တကယ်တော့ တိုယိုတာကုမ္ပဏီ၏ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးနှင့် အကိုျးအဖြစ်ဆုံး ကုန်ထုတ်လုပ်မှု (Lean production) စနစ်ကို မိမိ တို့၏ ထုတ်လုပ်ရေးနှင့် ပစ္စည်းအစိတ်အပိုင်း ပေး သွင်းခြင်း ကွင်းဆက်စီမံခန့်ခွဲမှု (Supply-chain management) အဖြစ် နမူနာမယူဘဲ ထုတ်လုပ် နေသည့်  မော်တော်ကားကုမ္ပဏီဆို၍  ကမ္ဘာပေါ် တွင် တစ်ခုမျှမရှိပေ။ သို့ဖြစ်ရာ တိုယိုတာ၏ အမှားများကို အခြားကုမ္ပဏီအားလုံးက သင်ခန်း စာယူနေကြရသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ က အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် ကြီးကြပ်ရေးကော်မီတီရှေ့တွင် အစစ်ဆေးခံခဲ့ရာ၌ တိုယိုတာကုမ္ပဏီ အကြီးအကဲ မစ္စတာတိုယိုဒါက မိမိတို့ ကုမ္ပဏီ တိုးတက်ရေးအတွက် လေလွင့်မှု အနည်းဆုံး၊ အကိုျးအဖြစ်ဆုံး လမ်းညွှန်သဘော တရားကို ဂိတ်ဆုံးလုနီးပါး ဖြန့်ကြက် ကျင့်သုံးမိခဲ့ ကြောင်း၊ သို့အတွက် ကနဦး အောင်မြင်မှုများ ရရှိစေခဲ့သည့် အခြေခံမူအချို့မှ သွေဖည်လာသည် အထိ ရှုပ်ထွေးသွား ရသည်ဟု ဖွင့်ဟဝန်ခံခဲ့သည်။     တိုယိုတာ၏  အခြေခံမူများမှာ  ''ဝယ်သူ ဖောက်သည် ပြေလည်ကျေနပ်စေရေးကို အခြား အရေးအရာ အားလုံးထက် အလေး ထားခြင်းနှင့် ရပ်တန့် စဉ်းစားပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ် (to stop, think and make improvements) နိုင်စွမ်းရှိခြင်း''ဟူ၍ ဖြစ်သည်။ တိုယိုတာ ကုမ္ပဏီသည် ကမ္ဘာ့မော်တော်ကားဈေးကွက် ဝေစု ကို ၁၁ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ရ ရှိအောင် ရည်မှန်းချက်ချခဲ့ကြောင်း၊ တကယ်တော့ ဈေးကွက်ဝေစု ၁၅ ရာခိုင်နှုန်းဆိုသည်မှာ မည် သည့် ဝယ်သူဖောက်သည်အတွက်မဆို လုံးဝမဆီ လျော်သည့်အပြင် ယင်းရည်မှန်းချက်ကို ပြည့်မီစေ ရန် '' မိမိအတ္တဖြင့်သာ'' မောင်းနှင်ခဲ့သည်ဟု ''ကမ္ဘာ ကို ပြောင်းလဲစေခဲ့သော  စက်ယန္တရား''  (The Machine that Changed the World )  ဟူသော စာအုပ်ကို ရေးသားခဲ့သူများထဲမှ တစ်ဦးဖြစ်သည့် ဂျိမ်းစ်ဝူမက်ကသုံးသပ်သည်။ ထိုစာအုပ်မှာ တိုယို တာကုမ္ပဏီ၏ ထုတ်လုပ်ရေး  တီထွင်ဆန်းသစ်မှု များအကြောင်း    ထုတ်ဖော်ရေးသားထားခြင်း ဖြစ်သည်။ ထုတ်လုပ်မှုတိုးမြှင့်ရန်အတွက် ပစ္စည်း ပေးသွင်းရေးကွင်းဆက်ကို မြန်မြန်ဆန်ဆန် တိုးခဲျ့ လိုက်ခြင်းသည် တိုယိုတာယဉ်ကျေးမှုကို နက်နက် နဲနဲ နားမလည်သည့် မျက်နှာသစ်ပစ္စည်းပေးသွင်း သူများနှင့်တွဲဖက်ပြီး အလုပ်လုပ်ခြင်း ဖြစ်သည်ဟု ဂျိမ်းစ်ဝူမက်က ဖွင့်ဆိုရှင်းပြသည်။     တိုယိုတာ၏မကြေညာသော အခြားရည် မှန်းချက်မှာ အမေရိကန်မှ  ဂျင်နရယ်မော်တာ (GM) ကို ကျော်တက်ကာ ကမ္ဘာ့အကြီးမားဆုံး မော်တော်ကားထုတ်လုပ်သူနေရာကို ရယူနိုင်ရေး ဖြစ်သည်။ GM ကို ကျော်တက်ခဲ့သည့် ၂ဝဝ၈ ခုနှစ်မှာပင် မော်တော်ကားအရည်အသွေး ပြဿ နာများ၊ ရောင်းထားပြီးမော်တော်ကားများ ပြန် လည်ရုပ်သိမ်းရသည့် ဖြစ်ရပ်များ အများ အပြား တိုးပွားလာခဲ့ပြီးဖြစ်သည်။ တကယ်တော့ တိုယိုတာ ၏ ပြဿနာအများစုမှာ မိမိတို့ကိုယ်ပိုင်စက်ရုံများ မှ စတင်ဖြစ်ပေါ်ခဲ့ ခြင်းမဟုတ်ဘဲ ယင်းကုမ္ပဏီသို့ ပစ္စည်းအစိတ်အပိုင်း ပေးသွင်းသူများ (Suppliers) ကြောင့် ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ မော် တော်ကားထုတ်လုပ်သည့်  လုပ်ငန်းတွင်  မူရင်း စက်ကိရိယာထုတ်လုပ်သူများ (Original  equipment  manufacturer,OEMs) ကို ဗဟိုပြု၍ ပထမအဆင့် ပစ္စည်းပေးသွင်းသူ  (Tier-one  suppliers) ကုမ္ပဏီများဝန်းရံကာ ကွန်ရက်ဖွဲ့  ထုတ်လုပ်ကြခြင်း ဖြစ်သည်။ ထုတ်လုပ်မှုတိုးမြှင့် လိုက်သည့်အခါ ပထမအဆင့် ပစ္စည်းပေးသွင်းသူများက နောက်ထပ်ဒုတိယ အဆင့်၊ ဒုတိယ အဆင့်မှ တဖန်တတိယအဆင့်ပစ္စည်းပေးသွင်းသူ (Tier-three supplier)အထိ အဆင့်ဆင့် တိုးခဲျ့လာရ သည်။     ဒုတိယဆင့်နှင့် တတိယဆင့်ပစ္စည်းပေးသွင်း သူတို့မှာ ကမ္ဘာတစ်ဝန်းတွင် ထောင်သောင်းမက ပြန့်ကဲျနေပြီး ကားပစ္စည်း  အစိတ်အပိုင်းတစ်ခု အတွက်ပင် ဒုတိယအဆင့်ပေးသွင်းသူအား ဝန်းရံ ထုတ်လုပ်ပေးနေသည့် တတိယဆင့် ပေးသွင်းသူ အများအပြား ဖြစ်လာရသည်။ ဂျပန်နိုင်ငံ ပြင်ပမှ  ပစ္စည်းပေးသွင်းသူ အများအပြားမှာ လုပ်ငန်း အတွေ့အကြုံ နည်းပါးကြသည့်ပြင်၊ ပစ္စည်းတစ်ခု ချင်း၏ အရည်အသွေးကို စောင့်ကြည့်စစ်ဆေးရန်  တိုယိုတာကုမ္ပဏီတွင်လည်း ဝါရင့်အင်ဂျင်နီယာ များ လုံလောက်အောင်မရှိခဲ့ပေ။ ပြင်ပ ပစ္စည်း ပေးသွင်းသူများအပေါ် အမှီပြုလာရသည်နှင့်အမျှ ခိုျ့ယွင်းချက်များ ပိုမိုများပြားလာရခြင်း ဖြစ်သည်။     ယခုတော့  တိုယိုတာ၏  အလှမ်းကျယ် အလယ်လတ်ဗူျဟာ၏  နစ်နာဆုံးရှုံးမှုများက မော် တော်ကားထုတ်လုပ်ရေး   ကုမ္ပဏီ များအနေဖြင့် ပစ္စည်းအစိတ်အပိုင်း   အပ်နံှထုတ်လုပ်ရေးကို ဘယ်အတိုင်းအတာအထိ  ခဲျ့ထွင်သင့်သလဲဟု မေးခွန်းထုတ် နေပေသည်။ တိုယိုတာဖြစ်ရပ်သည် သင်ခန်းစာယူရုံသာ မဟုတ်ဘဲ၊ မော်တော်ကား ထုတ်လုပ်သူများအား တုန်လှုပ်ချောက်ချား ဖွယ် သတိပေးလိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုပါသည်။                                                                                         Ref;  The Economist.