Main menu

Background

အဝင်နည်းပြီး အရောင်းအေးနေတဲ့ မန်းမြေပဲဆီဆံ

Fri, 03/05/2010 - 18:42 -- Anonymous (not verified)

    ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ မြေပဲဆီဆံ အဝင်အေးလာပြီး ဈေးအေးအေးနဲ့ အရောင်းအဝယ်တွေဖြစ် နေတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်အထိ တိုင်းအတွင်း ကျောက်ဆည်၊ စဉ့်ကိုင်၊ စဉ့်ကူး၊ မတ္တရာ၊ တံတားဦး၊ ဝမ်းတွင်း၊ ကျောက်ပန်း တောင်း၊ စစ်ကိုင်းတိုင်းအတွင်းက မြင်းမူ၊ မကွေးတိုင်းက မကွေး၊ ရေနံချောင်းစတဲ့ ဒေသများက အဝင်လှိုင်ခဲ့ရာ အရောင်း အဝယ်သွက် ဈေးအနည်းငယ်မြင့်ခဲ့သော်လည်း ယခုဖေဖော်ဝါရီ တတိယပတ်မှာတော့ ဈေးကွက်ကို ပစ္စည်းအဝင်နည်းပြီး အရောင်း အဝယ်အေးလာကာ နယ်အဝေးသို့ တင်ပို့မှုများ မရှိဘဲ ဒေသတွင်းဆီစက် လုပ်ငန်းရှင်များမှ အဝယ်ရှိကြောင်း သိရပါ တယ်။ ဆီဆံတစ်ပိဿာ ယခင်တစ်ပတ်က ၁၅၅ဝ ကျပ်၊ ၁၅၉ဝ ကျပ်ထိဈေးရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ဆီဆံ တစ်ပိဿာ ၁၅၄ဝ ကျပ်ထိ ဈေးအနည်းငယ်ကျဆင်းနေကြောင်းနဲ့ ပစ္စည်းကတော့ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ တယ်။                                                 တင်ဇာမျိုး