Main menu

Background

အဝယ်လိုက်ပြီး ပစ္စည်းရှားတဲ့ ဗမာနနွင်းတက်

Sat, 03/06/2010 - 05:31 -- Anonymous (not verified)

    နှစ်စဉ်ဝယ်လိုအားကောင်းတဲ့ နနွင်းတက်ဟာ  အခုနှစ်မှာ ပစ္စည်းရှားတာကြောင့် ယခင်နှစ်များကထက် အဆမတန် ဈေးမြင့်လာပါတယ်။ ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်၊ လွန်ကျော်၊ သံရွာများမှာ စိုက်တဲ့ ဗမာနနွင်းတက်ဟာ ရှမ်းနနွင်း တက်ထက် အရည်အသွေး ကောင်း၊ ဈေးကောင်းပါတယ်။ ယခင်နှစ်ပေါ်စမှာ ဒိုင်ဈေး ၈ဝဝ ကျပ်လောက်နဲ့ ဈေးဖွင့်ကာ ၂၅ဝဝ ကျပ်နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ဒီနှစ်တော့ အဝယ်လိုက်ပြီး ပစ္စည်းရှားတာကြောင့် ဗမာနနွင်းတက်ဟာ ကွင်းဈေးမှာကို ၂၇ဝဝ ကျပ်၊ ၂၈ဝဝ ကျပ်လောက်ထိ ပေးဝယ်နေကြပါတယ်။ နနွင်းကို ပြည်တွင်းမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးများပြီး ပြည်ပမှာတော့ အရောင်ဆိုးဆေးအနေနဲ့ အသုံးပြုကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် ရန်ကုန်ကို တင်ပို့မှု များပေမဲ့ အခုရက်များမှာတော့ ရခိုင်ကအဝယ်လိုက်တယ်လို့ ကုန်သည်အသိုင်းအဝိုင်းမှ သိရပါတယ်။                  သင်းသင်းမြတ်