Main menu

Background

အသက် ၁၆ နှစ်နှင့် ၁၆ နှစ်အောက်ကျောင်းသားများ Child Student ဗီဇာ လျှောက်ထားရမည်

Thu, 02/18/2010 - 03:20 -- Anonymous (not verified)

    အင်္ဂလန်နိုင်ငံသို့ သွားရောက်ပညာသင်ယူရန် ဗီဇာလျှောက်ထားရာတွင် အသက် ၁၇ နှစ်နှင့် ၁၈ နှစ်မပြည့်သေးသော ကျောင်း သား၊ ကျောင်းသူများ Child Student ဖြစ်စေ၊ General Student ဖြစ်စေ ကြိုက်နှစ်သက်ရာတစ်ခုရွေး၍ လျှောက်ထားနိုင်ပြီး၊ အသက် ၁၆နှစ်နှင့် ၁၆ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများကို Child Student အဖြစ် ဗီဇာလျှောက်ထား ရမည်ဖြစ် ကြောင်း သိရသည်။     Child Student အဖြစ်ဗီဇာလျှောက်တဲ့အခါမှာ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူရဲ့ Bank Account အပြင် ပိုင်ဆိုင်မှုတွေ၊ လုပ်ငန်းလိုင်စင်စတဲ့ ဝင်ငွေနဲ့ ပတ်သက်တဲ့ အထောက်အထားစာရွက်စာတမ်း Document တွေ ပူးတွဲတင်ပြ ဖို့လိုပါတယ်။ မိဘ (သို့မဟုတ်) အုပ်ထိန်းသူက သူတို့သားသမီးကို ပညာသင်ဖို့ ခွင့်ပြုကြောင်းစာကိုပါ ပူးတွဲတင်ပြပေးဖို့ လိုပါတယ်။ ဗီဇာအရာရှိက Child Student ရဲ့ မိဘအုပ်ထိန်းသူတွေပိုင်ဆိုင်တဲ့ Finance ငွေကြေးပမာဏ တောင့်တင်းမှု၊ အခြားတန်ဖိုးရှိ ပစ္စည်းများပိုင်ဆိုင် မှုနဲ့ ဝင်ငွေကောင်းတဲ့လုပ်ငန်း  ဖော်ပြချက်တွေကို စိစစ်ပြီး 10 points (၁၀) မှတ်ပေးမှာဖြစ်ပါတယ်။     နောက်တစ်ခုက Child Student တက်မယ့် တက္ကသိုလ်၊ ကောလိပ်က Visa Letter နှစ်စောင် ပို့ပေးရပါမယ်။ အဲဒီနှစ်စောင် စလုံး ပူးတွဲတင်ရမှာ ဖြစ်ပါတယ်လို့ အင်္ဂလန်ပညာရေးလေ့လာသူတစ်ဦးက ပြောကြားသည်။    အဆိုပါ General Student အတွက် Visa Letter တွင် Address လိပ်စာတွင် ကျောင်းသား၊ ကျောင်းသူ၏လိပ်စာကိုသာ ဖော်ပြပေးထားပြီး Child Student အတွက် Visa Letter  တွင် Cantact Details of Childs Parent of Guardian ဆိုပြီး ကျောင်းသား၊ ကျောင်းသူ၏ မိဘလိပ်စာ၊ ဖုန်း နံပါတ်နှင့် Email Address ရှိပါက Email Address များကိုပါ ဖော်ပြပေးရ မည်ဖြစ်ကြောင်း သိရသည်။