Main menu

Background

အသစ်တွေဝင်ရောက်လာလို့ အိန္ဒိယနနွင်းဈေးကျ

Sat, 03/06/2010 - 05:35 -- Anonymous (not verified)

    လာမယ့်ရက်တွေမှာ  နနွင်းအသစ်လှိုင်လှိုင်ဝင်လာတော့မှာဖြစ်လို့ လက်ရှိလက်ငင်းဈေးတစ်တန်ကို ရူပီး ၉၅ဝဝဝ (ကန်ဒေါ်လာ ၂ဝ၆ဝ.၇) ရှိရာမှ နောက်ထပ် ၁ဝ ရာခိုင်နှုန်း-၁၅ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ Erode နနွင်း ကုန်သည်များအသင်းက ပြောကြားပါတယ်။ ဈေးကွက်ထဲ နနွင်းသစ် ဝင်ရောက်မှုဟာ ပုံမှန်အားဖြင့် ဇန်နဝါရီလလယ်မှ စတင်ပြီး မတ်လမှာဝင်ရောက်မှုအများဆုံးနဲ့ ဇွန်လအထိ ဆက်တိုက်ဝင်ရောက်လေ့ရှိပါတယ်။ လက်ရှိနနွင်း ဝင်ရောက် မှုဟာ Erode ဈေးကွက်ကို နေ့စဉ်အိတ် ၈ဝဝဝ-၉ဝဝဝ ခန့်ရှိပြီး၊  Nizamabad  ဈေးကွက်ကို အိတ် ၇ဝဝဝ ဝန်းကျင် ဝင် ရောက်ပါတယ်။ မတ်လမှာ နောက်ထပ်အိတ် ၂ဝဝဝ၊ ၃ဝဝဝ ခန့် တိုးမြှင့်ဝင်ရောက်မယ်လို့ဆိုပါတယ်။     ၂ဝဝ၉-၂ဝ၁ဝ မှာ စိုက်ဧရိယာတိုးတက်တာကြောင့် ထွက်ရှိမှု ၂၅ ရာခိုင်နှုန်း  မြင့်တက်မယ်လို့ ကမ္ဘာ့ဟင်းခတ် အမွှေး အကြိုင်ညီလာခံမှာ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့က အစီရင်ခံတင်ပြထားပါတယ်။ နနွင်းသစ်ထွက်ရှိမှုကို တန်ချိန် ၃၈ဝဝဝဝ ခန့်မှန်းထားလို့ ၂ဝဝ၈-ဝ၉ ထွက်ရှိမှုတန်ချိန် ၃ဝ၅ဝဝဝ ထက် ၇၅ဝဝဝဝ တန်နီးပါး ပိုမိုမယ်လို့ ဆိုပါတယ်။                       ယမုံနာ