Main menu

Background

အသံလွှင့်ဆက်သွယ်ရေးလုပ်ငန်း ခဲျ့ထွင်ဖို့ ကိုထရာ အစည်းအဝေးကျင်းပ

Fri, 02/19/2010 - 08:48 -- Anonymous (not verified)

    အသံလွှင့် ဆက်သွယ်မှုဈေးကွက်ကို လေ့လာသုံးသပ်ပြီး ပို့ကုန်လုပ်ငန်းတွေတိုးခဲျ့နိုင်မယ့် မဟာဗျူဟာ ကွန်ဖရင့်တစ်ခုကို ကိုရီးယားကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နံှမှုမြှင့်တင်ရေး အေဂျင်စီ(ကိုထရာ)က ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပခဲ့ပါတယ်။     ကွန်ဖရင့်ကို  တောင်ကိုရီးယား အသိပညာ စီးပွားရေး ဝန်ကြီးဌာနကဦးစီးပြီး ကိုထရာနဲ့ ကိုရီးယား အီလက်ထရွန်နစ် အသင်း(ကေအီးအေ) တို့က တာဝန်ယူကျင်းပပေးတာဖြစ်ပါတယ်။ ကွန်ဖရင့်ကို တက်ရောက်သူ ၁ဝဝ ကျော်ရှိပြီး အသံလွှင့် ဆက်သွယ်ရေးစနစ် ကုမ္ပဏီများ ဖြစ် ကြတဲ့ Beyong Strategy နဲ့ ဆမ်ဆောင်းအက်စ်ဒီအက်စ်တို့က သက်ဆိုင်ရာ မဟာဗျူဟာတွေနဲ့ ပင်လယ်ရပ်ခြားဈေးကွက်ထိုးဖောက်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို တင်ပြပါတယ်။ ကွန်ဖရင့်မှာ ဆွေးနွေးတင်ပြကြသူတွေက ကိုရီးယားအသံလွှင့် ဆက်သွယ်မှုကုမ္ပဏီတွေဟာ ပင်လယ်ရပ်ခြားရှိ ဒစ်ဂျစ်တယ်အသံလွှင့် ဆက်သွယ်မှုကိရိယာဈေးကွက်ကို လျင်မြန်စွာ တိုး တက်ခေတ်မီအောင်လုပ်ဖို့လိုကြောင်း အလေးပေး ပြောကြားကြပါတယ်။ အကြောင်းရင်းကတော့ ဆိုနီနဲ့ ပင်နာဆိုးနစ်လို ဂျပန်ကုမ္ပဏီတွေက နာမည်နဲ့ ဈေးကွက်ရှယ်ယာတွေ ရထားတာကြောင့် ဖြစ်ပြီး  တရုတ်ကုမ္ပဏီတွေကလည်း အဖိုးနည်းထုတ်ကုန်တွေနဲ့ ကိုရီးယားကုမ္ပဏီတွေကို ခြိမ်း ခြောက်နေတဲ့အတွက်ဖြစ်ပါတယ်။    ကမ္ဘာ့အသံလွှင့်ထုတ်လုပ်မှု အခြေအနေကိုကြည့်ရင် အမေရိကန်ပြည်ထောင်စုက အင်နာ လော့စနစ်ကို ဇွန်လကတည်းက စွန့်လွှတ်ထားပြီးဖြစ်ပါတယ်။ ဂျပန်ကလည်း ၂ဝ၁၁ ခုနှစ်မှာ သူရဲ့အသံလွှင့်စနစ်ကိုပြောင်းပါတော့မယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ ရုရှား၊ အိန္ဒိယနဲ့ မလေးရှား တို့ နိုင်ငံတို့ကလည်း ဒစ်ဂျစ်တယ်စနစ်ကိုပြောင်းဖို့ တာစူနေပြီ ဖြစ်ပါတယ်။  ကိုရီးယား ကုမ္ပဏီ တွေကလည်း အင်တာနက် ပရိုတိုကောတီဗွီ၊ ဒစ်ဂျစ်တယ် တီဗွီစတဲ့ ဒစ်ဂျစ်တယ်စနစ်ကို ပြောင်း ဖို့လိုမှာဖြစ်ပါတယ်။  Source: Koreatimes.com