Main menu

Background

အာဆီယံစွမ်းအင်စီမံကိန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဂျာကာတာတွင်ကျင်းပ

Thu, 03/11/2010 - 05:04 -- Anonymous (not verified)

     အဓိကကျတဲ့ စွမ်းအင်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေးအမြင်များကို ဖလှယ်ရန် အခွင့်အလမ်း များရနိုင်ဖို့ စွမ်းအင် စီမံကိန်းဆိုင်ရာ အာဆီယံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့ပါတယ်။     အာဆီယံဒေသရှိ စီးပွားရေးများ ဆက်လက်ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် ပိုမိုသန့်ရှင်းပြီးရေရှည်တည်တံ့မဲ့ စွမ်းအင်လိုအပ် ကြောင်း အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ် ပွတ်ရှ်ပါနာသန်ဆန်ဒရန်က အလေးပေးပြောကြားခဲ့ပါတယ်။     အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ အာဆီယံနဲ့ အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့(အီးအာရ်အိုင်အေ) တို့ရဲ့ ခိုင်မာတဲ့ပူး ပေါင်းဆောင်ရွက်မှုက စွမ်းအားထက်မြက်ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ အာဆီယံဒေသ ထူထောင်ဖို့ ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်ရာမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို အထောက်ကူပြုနိုင်ဖို့အတွက် မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များနဲ့ သိပ္ပံနည်းကျအမြင်များကို ဖော်ထုတ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောကြားပါတယ်။     အဓိကကျတဲ့ အာဆီယံစွမ်းအင်နယ်ပယ်တွေထဲမှာ စွမ်းအင်ရရှိနိုင်မဲ့ အလားအလာတွေကို ချွေတာသုံးစွဲဖို့၊ ဇီဝဒီဇယ်ရဲ့ စံနှုန်းသတ်မှတ်ဖို့၊ ဇီဝလောင်စာဆီရေရှည်တည်တံ့ဖို့နဲ့ သန့်ရှင်းတဲ့ ကျောက်မီးသွေးနည်းပညာရရှိဖို့စတဲ့ နယ်ပယ်တွေပါဝင် ပါတယ်။ အာဆီယံရဲ့အခြေခံစွမ်းအင်လိုအပ်ချက်ဟာ ၂ဝဝ၅ ခုနှစ်ကနေ ၂ဝ၃ဝ ခုနှစ်အတွင်း သုံးဆအထိတက်လာမယ်လို့  ခန့်မှန်းထားပါတယ်။     ဒုတိယအာဆီယံစွမ်းအင် အလားအလာခန့်မှန်းချက် (၂ဝဝ၉ ခု နှစ်) အရ စွမ်းအင်လိုအပ်ချက်ဟာ  နှစ်စဉ်ပျမ်းမျှတိုး တက်မှုနှုန်းဟာ ၄ ရာခိုင်နှုန်းရှိမှာဖြစ်ပါတယ်။ ''အိုင်အေအီးအေ ကမ္ဘာ့စွမ်းအင် အလားအလာ ခန့်မှန်းချက် (၂ဝဝ၉ ခုနှစ်) မှာ ၂ဝ၃ဝ ပြည့်နှစ်အထိ ကမ္ဘာ့အခြေခံစွမ်းအင်သုံးစွဲမှု တိုးတက်နှုန်းက ၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိမယ်''လို့ ခန့်မှန်းထား ပါတယ်။စက်မှု၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုကဏ္ဍမှာ စွမ်းအင်ချွေတာရေး အစီအမံတွေနဲ့ နည်းလမ်း တွေနဲ့ ဆိုင်တဲ့ အခြားပြဿနာများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အီးအာရ်အိုင်အေက ကြီးမှူးကျင်းပတဲ့ ဒီအစည်းအဝေး ကို ကိုယ်စားလှယ် ၈ဝ ခန့် တက်ရောက်ခဲ့ပါတယ်။Source:antara.com