Main menu

Background

အာဆီယံနှင့် အိန္ဒိယ FTA တွင် ဖိလစ်ပိုင်နိုင်ငံ၏ ထူးခြားသော ရပ်တည်ချက်

Wed, 02/17/2010 - 07:37 -- Anonymous (not verified)

အာဆီယံနှင့် အိန္ဒိယသမ္မတနိုင်ငံ အကြား ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ၊ ဘောင်သဘော တူစာချုပ်အောက်မှ   ကုန်စည်ကုန် သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်၊ (Agreement on Trade in Goods under the Framework Agreeme- nt on Comprehensive Econo mic Cooperation between the Associ- ation of Southeast Asian Nations and the Republic of India) အထက်ပါ    အာဆီယံ-အိန္ဒိယ အက်ဖ်တီအေ(AIFTA)သဘောတူစာ ချုပ်ကို၊ အာဆီယံ စီးပွားရေးဝန်ကြီးများ နှင့် အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Anand Shama တို့သည်၂၀၀၉ ခုနှစ်သြဂုတ်လ (၁၃)ရက်နေ့တွင် ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ လက်မှတ်ရေး ထိုးခဲ့ကြပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် အက်ဖတီအေကို စတင်  အကောင် အထည်ဖော်ကြမည်ဖြစ်ပါသည်။စိတ်ရှည်ရှည်ဖြင့်စေ့စပ်ဆွေးနွေးခဲ့ရသည့် အက်ဖ်တီအေစာချုပ် အာဆီယံနှင့် အိန္ဒိယနိုင်ငံ အကြား၊ အက်ဖ်တီအေ တည်ထောင်နိုင်ရန် အာဆီယံနိုင်ငံ ခေါင်းဆောင်များ၊ အစိုးရအ ဖွဲ့အကြီးအကဲများနှင့်အိန္ဒိယနိုင်ငံဝန်ကြီး ချုပ်တို့သည်၊ ၂၀၀၃ ခုနှစ်အောက်တို ဘာလ(၈)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ အာဆီယံနှင့် အိန္ဒိယ သမ္မတ နိုင်ငံအကြား၊ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ၊ဘောင်သဘောတူ စာချုပ် (Framework Agreement on Comprehensive Economic Cooperation between ASEAN and the Republic of India)ကို လက်မှတ်ရေး ထိုးခဲ့ကြပါသည်။ ယင်း ဘောင်သဘောတူစာချုပ်အ ရ ၂၀၀၄ခုနှစ်မှစ၍ ကုန်စည်ကုန်သွယ် ရေးဆိုင်ရာ သဘောတူ စာချုပ်အတွက် စေ့စပ်ဆွေးနွေးပွဲများကို ကျင်းပခဲ့ရာ သတ်မှတ်ကာလအတွင်း အဆုံးမသတ် နိုင်ဘဲ၊ ၆နှစ်ခန့်ကြာမှ ၂၀၀၉ ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။အိန္ဒိယ နိုင်ငံနောက်မှ စေ့စပ်ဆွေးနွေးခဲ့သည့် အခြားဆွေးနွေးဖက် နိုင်ငံများဖြစ်သော ကိုရီးယား သမ္မတ နိုင်ငံ၊ သြစကြေးလျ နိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် အက်ဖ်တီအေစာချုပ်များမှာ လက်မှတ် ရေးထိုးပြီး၍  အကောင်အထည်ဖော် လျက်ရှိနေပြီဖြစ်ပါသည်။  အိန္ဒိယနှင့် အက်ဖ်တီအေ စာချုပ်မှာ   အာဆီယံ အနေဖြင့် စိတ်ရှည်ရှည်နှင့် ခက်ခက်ခဲခဲ စေ့စပ်ဆွေးနွေးခဲ့ရသည့် အက်ဖ်တီအေ စာချုပ်ဖြစ်ပါသည်။ဖိလီပိုင်နိုင်ငံ၏ထူးခြားသောရပ်တည်ချက် ဖိလီပိုင်နိုင်ငံ၏ ပကတိ အခြေအနေနှင့် သဘောထား ရပ်တည်ချက်ကို မသိသော်လည်း အာဆီယံနှင့် အိန္ဒိယ နိုင်ငံအကြား  အက်ဖ်တီအေ  စေ့စပ် ဆွေးနွေးပွဲများ၏   အစောပိုင်းကာလ တွင်  စိတ်ဝင်စားမှုမရှိကြောင်း တွေ့ခဲ့ရ ပါသည်။ ထို့နောက်ပြည်တွင်းစီးပွားရေး အခက်အခဲများကြောင့်  မူလအာဆီယံ အဖွဲ့ဝင်နိုင်ငံများနည်းတူ ဈေးကွက်ဖွင့် ပေးနိုင်ခြင်းမရှိဘဲ အာဆီယံ အဖွဲ့ဝင် သစ် လေးနိုင်ငံအတိုင်းသာ ဈေးကွက် ဖွင့်ပေးနိုင်မည့်ရပ်တည်ချက်ကို ရယူခဲ့ပါ သည်။ အာဆီယံနှင့် အိန္ဒိယနိုင်ငံအကြား အက်ဖ်တီအေကို အောက်ပါအတိုင်း နိုင်ငံနှင့် အချိန်ကာလ အလိုက် တည် ထောင်ကြရန်သဘောတူညီခဲ့ကြပါသည်။(က) ကုန်စည်  ကုန်သွယ်ရေးဆိုင်ရာ အက်ဖ်တီအေကို အိန္ဒိယနိုင်ငံ၊ ဘရူနိုင်း နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့်  ထိုင်းနိုင်ငံတို့သည် ၂၀၁၃ ခုနှစ်တွင် တည်ထောင်ရန်။(ခ) ကုန်စည်   ကုန်သွယ်ရေးဆိုင်ရာ အက်ဖ်တီအေကို အိန္ဒိယနိုင်ငံနှင့် ဖိလစ် ပိုင်နိုင်ငံတို့သည် ၂၀၁၈ ခုနှစ် တည် ထောင်ရန်။(ဂ) ကုန်စည်   ကုန်သွယ်ရေးဆိုင်ရာ အက်ဖ်တီအေကို အိန္ဒိယနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် လည်းကောင်း၊ကမ္ဘော ဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည်  ၂၀၁၈ခုနှစ် တွင် တည်ထောင်ရန်။အထူးကုန်ပစ္စည်းများ                   (Special Products) အခြား  ဆွေးနွေးဖက်နိုင်ငံများနှင့် အက်ဖ်တီအေများတွင်  မတွေ့ရသော ကုန်ပစ္စည်းအုပ်စု ဖြစ်ပါသည်။အိန္ဒိယ နိုင်ငံသည် စားအုန်းဆီကြမ်းနှင့်ဆီချော ကော်ဖီ၊ လက်ဖက်အချိူခြောက်နှင့် ငရုတ် ကောင်းတို့ကို အက်ဖ်တီအေ ကုန်စည် စာရင်းတွင် မထည့်သွင်းလိုပါ။ အကောက်ခွန် အခွင့်အရေး မပေးလို ခြင်း ဖြစ်ပါသည်။ သို့ရာတွင် မလေးရှားနိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံတို့သည် အဆိုပါ ကုန်ပစ္စည်းများမှာ ယင်းတို့၏ အဓိကပို့ုကုန်များဖြစ်သဖြင့်  အက်ဖ်တီ အေကုန်စည်စာရင်းတွင် ထည့်သွင်းရန် ဖိအားပေးရာ အချိန်များစွာရယူညှိနိုင်း ပြီးနောက် အရေးကြီးကုန်ပစ္စည်းစာရင်း၊ (Sensitive Products List) နှင့်အလွန် အရေးကြီး ကုန်ပစ္စည်းစာရင်း  (Highly Semsitive   Products  List)  အပြင် အထူးကုန် ပစ္စည်းများ အဖြစ် အိန္ဒိယ နိုင်ငံက ထားရှိခြင်းဖြစ်ပါ သည်။ယင်းတို့ ၏ အကောက်ခွန်နှုန်းများကို အောက် ပါဇယားအတိုင်း  လျှော့ချမည်ဖြစ်ပါ သည်။မှတ်ချက်။ အိန္ဒိယနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံမှလွဲ၍၂၀၁၃ခုနှစ်တွင် ယင်း၏ဈေးကွက်သို့ ကျန်အာဆီယံ ၉ နိုင်ငံ၏ ကုန်ပစ္စည်းများကို အကောက်ခွန် မရှိ လွတ်လပ်စွာရောင်းချခွင့်ပေးသော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ ကုန်ပစ္စည်းများကိုမူ ၂၀၁၈ခုနှစ်ရောက်မှသာ ၅ နှစ်နောက်ကျပြီး အကောက်ခွန် မရှိ လွတ်လပ်စွာရောင်းချခွင့်ပေးခြင်းသည်။ အခြားအက်ဖ်တီအေများနှင့် ကွဲပြားသောထူးခြားချက်တစ်ရပ် ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ထူးခြားသော ရပ်တည်ချက်ကြောင့် ပေါ်ပေါက်လာရသည့်ထူးခြားမှုဟု ဆိုရပါမည်။ ထို့ပြင် အိန္ဒိယနိုင်ငံက စားအုန်းဆီကုန်ကြမ်းနှင့် ကုန်ချော(crude and refined Palm oil-CPO and RPO)၊ ကော်ဖီ၊ လက်ဖက်အချိုခြောက်နှင့် ငရုတ်ကောင်းတို့ကို အထူးကုန်ပစ္စည်းများအဖြစ်သတ်မှတ်ပြီး သီးခြားအကောက်ခွန်နှုန်းများ လျှော့ချခြင်းသည် လည်း ထူးခြားမှုတစ်ရပ်ပင်ဖြစ်သည်ဟု ဆိုရပါမည်။ ဖိလစ်ပိုင်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နိုင်ငံ၏လိုအပ်ချက်ရရှိအောင် စေ့စပ်ဆွေးနွေးနိုင်ခဲ့ကြပါသည်။ ပညာယူ မှတ်တမ်းတင်သင့် သည့် နမူနာပြရုပ်များ ဖြစ်ပါသည်။ မောင်မောင်ရီ (ဘောဂဗေဒ)