Main menu

Background

အာဆီယံသတ္တုုလုပ်ငန်းအစည်းအဝေး ဘန်ကောက်မှာစတင်

Thu, 03/11/2010 - 04:54 -- Anonymous (not verified)

     ဒေသတွင်းမှာ သတ္တုုလုပ်ငန်းဖွံ့ဖြိုးအောင် ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ် ကျင်းပခဲ့တဲ့ အာဆီယံ အဆင့်မြင့် အရာရှိကြီး များရဲ့ ၁ဝ ကြိမ်မြောက် သတ္တုုလုပ်ငန်းဆိုင်ရာအစည်းအဝေး (ASOMM) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မတ်လ နှစ်ရက် နေ့က စတင်ကျင်းပခဲ့ပါတယ်။     အစည်းအဝေးမှာ  သတ္တုုတွင်းလုပ်ငန်းအတွက် အတတ်ပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်၊ ဓါတ်သတ္တုုစမ်းသပ် တိုင်းတာရေး၊ ထုတ်လုပ်ရေးနဲ့ ကုန်သွယ်ရေးတွေကို ဆောင်ရွက်တဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေတဲ့ နည်းလမ်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်။ ထို့ပြင် သတု္တုလုပ်ငန်း ကဏ္ဍာမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နံှမှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကို ဆောင်ရွက်တဲ့အခါ တရုတ်၊ ဂျပန်နဲ့ ကိုရီးယား အပါအဝင် ဆွေးနွေးဖက် သုံးနိုင်ငံအထိ တိုးခဲျ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။     အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဟာ သတ္တုကဏ္ဍကို တိုးမြှင့်ဖို့နဲ့ ဒေသတွင်းမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နံှမှုတွေ မြှင့်တင် ဖို့အတွက် နည်းပညာလွဲှပြောင်းမှုအတွက် အခြားလမ်းကြောင်းတစ်ခုဖြစ်ကြောင်း ထိုင်း စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး မစ္စတာဆိုရာလွတ်က ပြောကြားပါတယ်။     အာဆီယံဒေသဟာ သတ္တုုသယံဇာတနဲ့ စွမ်းအင်အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ ဒေသဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေခံ စက်မှုလုပ်ငန်းနဲ့ သတ္တုုတူးဖော်ရေးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားပါတယ်။ သတ္တုုတူးဖော်ရေးလုပ်ငန်းဟာ ဆက် လက်ကြီးထွားနေပြီး အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုဟာ ဘတ် ဘီလီ ယံ ၅ဝဝ (ဒေါ်လာ ၁၆ ဘီလီယံ) နီးပါးရှိ ကြောင်း သူက ပြောကြားပါတယ်။     သတ္တုုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ လေးရပ်မှာ သတ္တုုအရင်းအမြစ်ဆိုင်ရာ အချက်အလက်နဲ့ ဒေတာ ဘေ့စ် ထူထောင်ရာမှာ ပူးပေါင်းဆောင်ရွက်ရေး၊ သတ္တုစမ်းသပ်တိုင်းတာရေးနဲ့ ထုတ်လုပ်ရေးအတွက် အလားအလာများ မြှင့်တင်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နံှမှုပူးပေါင်းဆောင်ရွက်ရေးနဲ့ သတ္တုတူးဖော်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ပေးရေးတို့ ပါဝင်ပါတယ်။Source:mcot.net