Main menu

Background

ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၉၀၀၀၀ ကျော်ဝင်

Fri, 05/24/2019 - 12:32 -- journal_editor

        မေ ၅ ရက်မှ ၁၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၂၁၇၇၀၀ တန်ဖိုးရှိ ဒီဇယ် ၅၀၀၂၆ ဒသမ ၁၉ တန်နဲ့   အမေရိကန်ဒေါ်လာ ၂၆၀၆၄၅၉၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၆၉၆၃ ဒသမ ၀၃ တန်၊  စုစုပေါင်း ၉၆၉၈၉ ဒသမ ၂၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၂၇၀၇၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့်  ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၉၈၈၀ ကျော် ပိုမိုတင်သွင်းခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့သည့် ဒီဇယ်တန်ချိန် ၅၉၂၄၀ ကျော်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၉၂၁၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။  ထို့ကြောင့် ယခုတစ်ပတ်ဓာတ်ဆီ တန်ချိန် အဝင်ပို ခဲ့ပြီး ဒီဇယ်တန်ချိန် အဝင်လျော့ခဲ့ကြောင်း သိရသည်။ နယ်စပ်စခန်းဖြစ်သည့် တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၆၀၅၆၉၉  တန်ဖိုးရှိ ဓာတ်ဆီ ၁၁၀၁ ဒသမ ၃၆ တန်နှင့် အမေရိ ကန် ဒေါ်လာ ၅၂၉၀၃၃  တန်ဖိုးရှိ ဒီဇယ် ၈၅၆ ဒသမ ၇၅ တန် တင်သွင်းခဲ့ကြောင်းလည်း သိရသည်။

 

သီတာဝင်း(DOT)